COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

14/04/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။ 

၃။ ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်