ဆည်ရေသောက်တောင်သူလယ်သမားများသို့ အသိပေးနှိုးဆော်ချက်

14/08/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် (၂၀၂၀) ခုနှစ် မိုးရာသီအတွင်း စီးဝင်ရေပမာဏမှာ ယခင်နှစ်များ၏ ကာလတူပမာဏအောက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏမှာလည်း လျော့နည်းကျဆင်းလျက်ရှိပါသည်။

    • ထို့ပြင် ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေ ပေးဝေခြင်းအပြင် ယခင်က မိုးစပါးစိုက်ပျိုးရေ ပေးဝေရန်မလိုအပ်သည့် မိုးကောင်းသောက်ဒေသများတွင်လည်း ဖြည့်စွက်ရေများ ပေးဝေနေရသည့် အခြေအနေများ ကြုံတွေ့နေရပါသည်။

    • သို့ပါ၍ ယခုနှစ် လျာထားမိုးစပါးစိုက်ဧကများ ပြည့်မီစွာ ရေပေးဝေနိုင်ရန်နှင့် လာမည့်နွေစပါးရာသီတွင်လည်း ဆည်အတွင်းကျန်ရှိသိုလှောင်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံများ ယခင်နှစ်လျာထားပမာဏများအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်၊ သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်ရန်တို့အတွက် ရေအသုံးချသူများအဖွဲ့များနှင့်အတူ ဆည်ရေကို စနစ်တကျချွေတာသုံးစွဲလျက်ရှိရာ အားလုံးသော တောင်သူလယ်သမားများနှင့် ပြည်သူများကလည်း မိမိတို့ ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်