လေဖိအားနည်းရပ်ဝန်းနှင့် ဆိုင်ကလုန်းမုန်တိုင်းအသိပေးချက်

20/05/2021 20:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ယနေ့ညနေ (၁၉:၀၀) အချိန်ရရှိသော အချက်အလက်များအရ မေလ (၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိနေသာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။ ဖော်ပြပါနေရာတွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီးလျှင် မေလ (၂၄) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ 

    အဆိုပါ ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ဦိးတည်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ် - အနောက်ဘန်ဂေါကမ်းရိုးတန်းများဆီသို့ မေလ (၂၆) ရက်နေ့တွင် ရောက်ရှိနိုင်ပါသည်။ 

    ECMWF နှင့် GFS MODEL တွက်ချက်မှုများအရ မြန်မာ့ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်နိုင်ခြေနည်းပါးပါသော်လည်း ဧရာဝတီတိုင်းဒေသကြီး/ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် နီးကပ်စွာ ဖြတ်သန်းသွားနိုင်ကြောင်း တွေ့ရှိရပါသည်။ 

    မိုးလေဝသအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သောကြောင့် ဆက်လက်စောင့်ကြည့်၍ အသေးစိတ်အချက်အလက်များအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပါမည် ခင်ဗျာ။ 

Source - ရာသီဥတုအခြေအနေမျှဝေကြမယ်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်