ငှက်ပျောသီးမှာကျတဲ့ မှဲ့ပြောက်စွန်း

29/11/2019 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မှဲ့ပြောက်စွန်းရောဂါက အရေးကြီးသလား

ငှက်ပျောပင်စိုက်ထားတယ် ငှက်ပျောသီးသီးလာတော့ ဒီလိုရောဂါတွေပါလာတယ်။ အသီးခွံမှာ အကွက်လေးတွေပါလာတယ်။ အဲ့လိုတွေက တစ်ချို့ စားသုံးသူတွေ၊ ပွဲစားတွေက လက်မခံနိုင်ကြပါဘူး၊ အဲ့လိုဆို ပြဿနာရှိပါတယ်။ အသီးကိုင်းတွေ မခုတ်ခင်မှာ အစက်သေးသေးလေးကနေစပြီးတော့ ဖြစ်တာကနေ မရင့်ခင်မှည့်မယ်။ အထားမခံဘူး။ တစ်ဖြည်းဖြည်းချင်း ပုပ်လာမယ်။

မှဲ့ပြောက်စွန်းရောဂါ ဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

လက္ခဏာတွေကိုကြည့်ပြီးတော့ ဆုံးဖြတ်ရပါတယ်။ စစချင်းဖြစ်နေတယ်ဆိုရင်တော့ အမဲရောင် အနက် အစက် သေးသေးလေးကို အခွံပေါ်မှာရော၊ ပန်းပွင့်ပေါ်မှာရောတွေ့နိုင်ပါတယ်။ စစချင်းဖြစ်တဲ့အချိန်ပါ။

နောက်ပိုင်းကျရင်တော့ အဲ့အနက်ကွက်လေးက တစ်ဖြည်းဖြည်းကြီးလာပြီးတော့ ပျော့ပုတ်လေးတွေ ဖြစ်ပြီးတော့ ပန်းရောင်မှိုစပိုးလေးတွေ ထွက်လာတာကိုမြင်ရမှာပါ။

အဲ့လိုဖြစ်ပြီးရင်တော့ တစ်ဖြည်းဖြည်းနဲ့ ပျော့လာပြီးတော့ တစ်ဖြည်းဖြည်းပုပ်လာပြီး အသီးကိုင်းကနေ ကြွေကျမှာပါ။

ရောဂါကျနေတာ သိဖို့ ခက်သလား

မခက်ပါဘူး၊ အစက်အပြောက်သေးသေးလေးတွေကနေ စတဲ့ ရောဂါဖြစ်ပြီးတော့ တစ်ခြားရောဂါတွေကနေ ခွဲခြားရလွယ်ကူတဲ့ရောဂါဖြစ်ပါတယ်။

ရောဂါဖြစ်စေတဲ့သက်ရှိ

Collectotrichum musae ဆိုတဲ့ မှိုကြောင့်ဖြစ်တာပါ။ စိုထိုင်းဆ များခြင်း၊ အပူချိန်များခြင်းနဲ့ မိုးပါစိုနေတယ်ဆိုရင်တော့ ရောဂါဝင်ရောက်ဖို့အတွက် အခြေအနေ ကောင်းကိုဖြစ်သွားတာပါ။ ကော်နီဒီယား လို့ခေါ်တဲ့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေက ဆွေးနေတဲ့ အပင်အကြွင်းအကျန်တွေမှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ပြီးတော့ ရေအားဖြင့်၊ လေအားဖြင့်၊ အင်းဆက်အားဖြင့် ကူးစက် ပျံ့နှံ့နိုင်ပါတယ်။

တိုက်ခိုက်ပုံ

ကော်နီဒီးယားတွေက အသီးခွံတွေမှာသွားကပ်ပြီးတော့ အသီးစမှည့်တဲ့အချိန်မှာ မှိုမျှင်တွေထုတ်ပြီးတော့ အပင်ကို တိုက်ခိုက်ပါတယ်။ အဲ့လိုကနေ အခွံကနေ အသီးထဲအထိ ဝင်ရောက်ပြီးတော့ ထပ်ပြီးတော့ အညှောင့်တွေပေါက်တယ်။ မှိုမျိုးတွေပွားနိုင်အောင် ကြီးထွားလာကြပြီးတော့ မျိုးပွားအင်္ဂါတွေကို ထပ်မံထုတ်လုပ်ကြပါတယ်။ အဲ့လိုနဲ့ ရောဂါသံသရာက လည်ပတ်ကြပါတယ်။

အကောင်းဆုံး စီမံခန့်ခွဲမှုကို ဘယ်လိုလုပ်ကြမလဲ

) ခူးတဲ့အချိန်နဲ့ သိုလှောင်တဲ့အချိန်တွေမှာ အသီးကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ပါ။

) ဖြစ်နိုင်ရင် အသီးခူးပြီးနောက် ရေသန့်သန့်လေးဆေးပေးပြီးမှ လှောင်ပေးတာကောင်းပါတယ်။

) မဖြစ်မနေ ဆေးသုံးရမယ်ဆိုရင်တော့ Indofil M 45 (0.25%) နဲ့ Bavistin (0.05%)တွေကို ဖျန်းပေးပြီးတော့ အသီးကိုင်းတွေကို ပြန်အုပ်ထားပေးရင် ရပါတယ်။ အဲ့လိုနည်းနဲ့ကြိုတင်ကာကွယ်ကုသပေးလို့ရပါတယ်။

ထွန်းဝင်းကျော်

http://farmextensionmanager.com/English/Banana%20technology%20bank/pest%20doctor/Anthracnose.html

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်