ပဲတီစိမ်းတွင် ကျရောက်တတ်သော မှဲ့ပြောက်စွန်းရောဂါ

02/09/2020 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

ရောဂါလက္ခဏာများ

    • ဤမှိုသည် အပင်ကြီးထွားမှု၏ မည်သည့်အဆင့်မဆို လေပေါ်ပိုင်းအစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။

    • ရောဂါလက္ခဏာများသည် အရွက်များနှင့် သီးလုံးများပေါ်တွင် စက်ဝိုင်းပုံဖြစ်ကာ အနက်ရောင်ဗဟိုနှင့် တောက်ပသည့် လိမ္မော်နီရောင်အနားသားနှင့်အတူ အနက်ရောင် နေလောင်စက်များဖြစ်သည်။

    • ဆိုးဝါးစွာကျရောက်ပါက ရောဂါကျအပိုင်းများ ညှိုးနွမ်းသွားသည်။ အစေ့အညှောက်ပေါက်သည်နှင့် ရောဂါကျရောက်မှုကြောင့် ပျိုးပင်ပေါက်များ ခြောက်သွားကြသည်။

ကာကွယ်နှိမ်နင်းနည်း

    • ရောဂါကင်းသောမျိုးစေ့ကို အသုံးပြုပါ။

    • မျိုးစေ့များကို အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ ရေနွေးထဲတွင် (၅) မိနစ်ကြာစိမ်ပြီးမှစိုက်ပါ။

    • ပဲမျိုးရင်းဝင်မဟုတ်သော အပင်များနှင့် ၂နှစ် - ၃ နှစ်ကြာတိုင်း သီးလှည့်စိုက်ပါ။

    • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်း အသုံးပြုပါ။

    • အဇိုဆီစထရိုဘင် (Azoxystrobin)

    • ကပ်ပ်တန် (Captan)

    • ဟက်ဇာကိုနာလ်ဇိုးလ် (Hexaconazole)

    • ကလိုရိုသလိုနေးလ် (Chlorothalonil)

    • သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်