သင့်လျော်ကောင်းမွန်သော မိုးရေထိန်းသိမ်းရေးနည်းစနစ်များ

09/07/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

PC Myanmar မှ မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏အကူအညီဖြင့် ထုတ်လွှင့်ပေးသော "စိုက်ပျိုးပညာမျှဝေရာ" ဆိုတဲ့ ရေဒီယိုအစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

"သင့်လျော်ကောင်းမွန်သော မိုးရေထိန်းသိမ်းရေးနည်းစနစ်များ" ခေါင်းစဉ်ဖြင့် ရေဆင်းစိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ မြေဆီလွှာရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၊ ရေအသုံးချရေးသုတေသနဌာနစု မှ လက်ထောက်သုတေသနအရာရှိဖြစ်တဲ့ ဒေါက်တာအောင်ကျော်သူ မှ ဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍတွေမှာ သီးနှံပင်အတွက်လိုအပ်တဲ့ ရေပမာဏ၊ သစ်တောစိုက်ခင်းတွေမှာ အပင်ငယ်စဉ်မှ အပင်ရှင်သန်ရန်အတွက် လိုအပ်တဲ့ရေတွေကိုရရှိဖို့ မိုးရေကိုထိန်းသိမ်းစုဆောင်းတာကလည်း အရေးကြီးတဲ့တစ်ချက်ပါပဲ ဉီးကြီးတို့ရေ။ ဆရာကြီးက မိုးရေကိုဘယ်လိုစနစ်တကျထိန်းသိမ်းပြီး စိုက်ပျိုးရေးမှာအကျိုးရှိရှိအသုံးချနိုင်ဖို့ ဆွေးနွေးချက်ကောင်းတွေနဲ့ဆွေးနွေးပေးသွားတာဖြစ်လို့ အစိမ်းရောင်လမ်းဉီးကြီးတို့လေ့လာနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်