အားလုံးပဲ မဂၤလာပါ
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးမှု အစီအစဉ် (USAID) ၏ ထောက်ပံ့ မှုဖြင့် Asia Farmer-to-Farmer (F2F) Program ကို Winrock International မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး နဲ့ ရွာငံ မှာ ပြုလုပ်မဲ့ သင်တန်း အကြောင်းလေး ဝေမျှပါရစေ။
မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ရန်ကုန် (ရုံးချုပ်) နှင့် ရှမ်းပြည်နယ် တောင်ပိုင်း(ရုံးခွဲ) တို့၏ ဖိတ်ကြားမှု ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပါတယ်။
သင်တန်းဆရာကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ တက္ကသိုလ် မှ ပါမောက္ခ ဆရာ ဖြစ်ပါတယ်။
သင်တန်း အကြောင်းအရာ ကတော့ ထောပတ်သီး စိုက်ပျိုးနည်း ဖြစ်ပါတယ်။ သင်တန်းမှာ မျိုးရွေးချယ်နည်း၊ ကိုင်းကူးကိုင်းဆက်နည်း၊ ထောပတ်သီး စိုက်ပျိုးရေး စီမံခန့်ခွဲမှု များ စတဲ့ ခေါင်းစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
သင်တန်းကို ၂ နေရာ ခွဲပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက် ကို တောင်ကြီး စိုက်ပျိုးရေးခန်းမ မှာ မနက် ၉ နာရီ မှ ညနေ ၄ နာရီ ထိ ကျင်းပမှာ ဖြစ်ပါတယ်။
တောင်ကြီးမြို့ သင်တန်း အတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကတော့ ဦးစိုးညွန့် (ထောပတ်သီး စိုက် တောင်သူ) ၀၉ ၅၂၁၅၆၁၀၊ ဒေါ်ဝါဝါဆွေ (စိုက်ပျိုးရေးဌာန) ၀၉ ၃၆၀၈၀၉၆၄
နောက် တစ်နေရာကတော့ စက်တင်ဘာ ၂၄ ရက် မှ ၂၅ ရက် ကို ရွာငံခန်းမ မှာ မနက် ၉ နာရီ မှ ညနေ ၄ နာရီ ထိ ကျင်းပမှာ ဖြစ်ပါတယ်။
သင်တန်းအတွက် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေကတော့ ဦးဝင်းအောင်ကျော် ( ထောပတ်သီး စိုက် တောင်သူ) ၀၉၄၉၃၅၉၀၈၈ ဖြစ်ပါတယ်
သင်တန်း အကြောင်း အသေးစိတ် နဲ့ အဖွဲ့အစည်း အကြောင်း အသေးစိတ် (မြန်မာဘာသာ + အင်္ဂလိပ်ဘာသာ) ကို ဓါတ်ပုံ ထည့်ရင် အဆင်မပြေမှာ စိုးလို့ pdf ကိုပဲ တင်ထားပေးလိုက်ပါတယ်နော်။ မပျက်မကွက် ဖတ်ရှုပေးကြပါအုန်းနော်။
မျိုးရွေးချယ်နည်း နှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်း
Dear All
One volunteer, Professor from University of Florida, US will give Avocado Plantation Training at Southern Shan State.
Date - 19 to 20, Sept. Training Place - Ministry of Agriculture Hall, Taunggyi Training Time - 9 AM to 4 PM
Contact Person - U Soe Nyunt (Avocado farmers), 09-5215610, Daw War War Shwe from Agriculture Department, 09-36080964.
Another Place
Date - 24 to 25, Sept Training Place - Ywangan Hall, Ywangan Training Time - 9 AM to 4 PM
Contact Person - U Win Aung Kyaw (Avocado Farmers), 09-49359088
The training will cover Avocado variety selection, Propagation and Plantation Management title. The training is free and anybody who interest in Avocado Plantation can join to the training.
Photo source : http://news.ifas.ufl.edu/wp-content/uploads/2014/06/Avocados.jpg