ထောပတ်သီးတန်ချိန် ရာချီအမှာရှိသော်လည်း မရောင်းနိုင်သေး

06/09/2019 11:53 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထောပတ်သီးကို ပြည်ပနိုင်ငံများက တန်ချိန် ရာနှင့်ချီမှာယူမှုရှိသော်လည်း မတင်ပို့နိုင်သေးကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

''လောလောဆယ် ထောပတ်သီးဝယ်ယူမယ်ဆိုပြီး ကမ်းလှမ်းထားတာ တွေရှိတယ်။ ကျွန်တော်တို့ လက်ခံမထားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်သေးဘူး။ လက်ခံလိုက်ရင်လည်း နာမည်ပဲ ပျက်သွားမှာ''ဟု ဟိုပုန်းမြို့ ထောပတ်သီး စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်