ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များ ဝယ်ယူရန် တရုတ်က ကမ်းလှမ်းသော်လည်း ရောင်းမည်မဟုတ်ဟုဆို

12/09/2018 09:57 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုင်းကူးကိုင်းဆက် ထောပတ်ပင်များကို တရုတ်နိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းရှိသော်လည်း ရောင်းချမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် ထောပတ်သီးအသင်း ဥက္ကဋ္ဌဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
ထောပတ်သီး အသင်းသို့ တရားဝင် ဆက်သွယ်ခြင်း မရှိသော်လည်း ထောပတ်သီးစိုက်ပျိုး ရောင်းချသည့် အစုအဖွဲ့အွန်လိုင်း ကွန်ရက်တွင်ထောပတ်ပင်ကိုင်း ကူးကိုင်းဆက်များ ဝယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းနေသည်ဟု ဆိုသည်။
‘‘ဂရု(ပ်)တွေထဲမှာ တရုတ်ကို ပြည်တွင်းထောပတ်မျိုးတွေ ရောင်းသင့်၊ မရောင်းသင့် ဆွေးနွေးနေကြတာတွေလည်း ရှိတယ်။ မရောင်းသင့်ပါဘူး။ ကျွန်တော့်အသင်းအနေနဲ့ကတော့ ရောင်းဖို့ မရှိဘူး’’ ဟု ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။
 စိုက်ပျိုးရေးကဏ္ဍတွင် မြန်မာနိုင်ငံက ငါးနှစ်ခန့်ဦးဆောင်နေသော်လည်း တရုတ်နိုင်ငံက တစ်နှစ်လိုက်လံဆောင်ရွက်လျှင်ပင် မီနိုင်ကြောင်း၊ ၎င်းတို့တွင် သွင်းအားစု၊ ဈေးကွက်၊  အစိုးရ၏ ပံ့ပိုးမှုရှိသည့်အပြင် တောတောင်များအထိ လမ်းကောင်း ကာ လျှပ်စစ်ရသဖြင့်  အားသာချက်များရှိကြောင်း ၎င်းက ဆို သည်။ ‘‘ကုန်သည်တွေကတော့ ဈေးကွက်ရှာနေကြတာပဲ။ နယ် စပ်ကနေတစ်ဆင့် ကုန်သည်တွေက ပြန်ရောင်းဖို့ ဝယ်နေတာလား၊  တိုက်ရိုက်ဝယ်နေတာလားတော့ သေချာမသိပါဘူး’’ဟု ထောပတ်သီးအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်ကပြောသည်။
ပြည်တွင်းထွက် ထောပတ်သီးများသည် အရည်အသွေးကောင်းမွန်သော်လည်း အရည်အသွေးနှင့် အရွယ်အစားမညီသဖြင့် ယင်းကိစ္စဖြေရှင်းရန် ကိုင်းကူးကိုင်းဆက်နည်းသင်တန်းပေးကြောင်း ဦးခွန်ထွန်းထွန်းဝင်းကပြောသည်။

ဆက်လက်ဖတ်ရှု့ရန်..............


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်