ဆိတ်ကလေးမွေးချိန် သတိထားရမည့်အချက်များ

23/02/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) ဆိတ်မကြီးရဲ့ ကိုယ်ဝန်ဆောင်ကာလက ရက်ပေါင်း ၁၄၆ ရက်မှ ၁၅၆ ရက်ထိဖြစ်ပါတယ်။ ကလေး မွေးဖွားမယ့် ၂ ပတ်အလိုမှာ ဆိတ်မမွေးမယ့်နေရာကို ပြင်ဆင်ထားပေးသင့်ပါတယ်။ 

 

(၂) ကလေးမွေးမယ့် အခန်းနေရာက သန့်ရှင်းနေခြင်း၊ ခြောက်သွေ့နေခြင်း၊ လေဝင်လေထွက် ကောင်းမွန် နေစေခြင်းနဲ့ အောက်ခံအခင်းတွေကို အသစ်တွေပြုလုပ်ထားပေးရပါတယ်။

 

(၃) ဆိတ်ကလေးမွေးဖွားချိန်မှာ အသုံးပြုဖို့ အိုင်အိုဒင်းပုလင်းနဲ့ ပုဝါကို ဆောင်ပေးထားရပါမယ်။ 

 

(၄)ဆိတ်မကြီးရဲ့ နို့အုံ့က မမွေးဖွားမီ (၆)ပတ်မှ (၁)ပတ်အလို မှာ နို့တွေပြည့်တင်းပြီး ကြီးလာမှာဖြစ်ပါတယ်။

 

(၅) ဆိတ်မမွေးမယ့် အချိန်ကို သားတင်သားစပ်ပြုလုပ်ထားတဲ့ မှတ်တမ်းကိုကြည့်ပြီးတော့လည်း   သိရှိနိုင်ပါတယ်။

 

(၆) မွေးမယ့်အချိန် ၃-၄ ရက် အလိုမှာ ဆိတ်မကို မြက်ခြောက်၊ အသားဓာတ်ဖြည့်စွက်စာနဲ့ ရေတို့ကို  ထည့်ထားပေးရပါမယ်။

 

(၇) ဆိတ်မကြီးကို နေ့စဉ်ရေများများတိုက်ရန် လိုအပ်ပါတယ်။ မွေးမဲ့လက္ခဏာ စတွေ့တာနဲ့ ဆိတ်မအနားမှာ နေပေးသင့်ပါတယ်။ 

 

(၈) ဆိတ်မရဲ့ ညာဘက်မှာ ဆိတ်ကလေးရှိ၊ မရှိ စမ်းသပ်ပေးရပါမယ်။ အကယ်၍ လှုပ်ရှားနေတယ်လို့ ယူဆပါက အနည်းဆုံး၁၂နာရီထိ မမွေးနိုင်သေးပါ။ လူစောင့်ပြီးတော့မကြည့်နိုင်ရင် ဆိတ်ကလေး ရေပုံးထဲကိုမွေးချတတ်တဲ့ အတွက် ရေပုံးကို ဆိတ်ခြံထဲမထားခဲ့ဖို့က အရမ်းအရေးကြီးပါတယ်။

 

ဆိတ်ကလေးမွေးတော့မယ့် လက္ခဏာတွေကတော့..

 

(၁) ဆိတ်မအငြိမ်မနေဘဲ အခင်းများကိုခွာနဲ့ ရှပ်နေခြင်း

(၂) ဆိတ်မကြီးအမြီး အပေါ်ကိုမြှောက်နေခြင်း

(၃) ဆိတ်တွေအကြား မွေးမယ့်ဆိတ်မကြီး လဲလျောင်းနေခြင်း

(၄) ကလေးအပေါ် ခင်တွယ်မှုတွေ ပြလာခြင်း

(၅) အမတန်ဆာမှ အကျိအချွဲများကျလာခြင်း တို့ဖြစ်ပါတယ်..။

 

ရေမွှာပေါက်ပြီးနာရီပိုင်းအတွင်း ဆိတ်ကလေးမွေးဖွားလာနိုင်ပါတယ်။

 

 

ဆိတ်ကလေးပုံမှန်အနေအထားနဲ့မွေးတဲ့အနေအထားကတော့ (၂) မျိုးရှိပါတယ်..။ 

 

(၁) ရှေ့လက် နှစ်ဖက်ကြားမှာ ခေါင်းညှပ်လျက်အနေအထား 

(၂) မွေးဖွားတာနဲ့ နောက်ခြေနှစ်ဖက် အတူတွဲပြီး မွေးလာတဲ့အနေအထားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မွေးတဲ့ပုံစံတွေမဟုတ်ရင်တော့ ပုံမှန်မဟုတ်တာဖြစ်ပြီး လူနဲ့ကူပေးဖို့လိုတဲ့အနေအထားဖြစ်ပါတယ်..။

 

Reference: စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေသော ခေတ်မီမွေးမြူရေးနည်းပညာများ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်