ကမ္ဘာပေါ်မှာ ပထမဆုံး တစ်ခါသုံး ရေသန့်ဗူး အသုံးပြုမှု တားမြစ်သည့် နေရာ

17/01/2018 13:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆန်ဖရန်စစ္စကို သွားတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်ရေဗူးကို ယူသွားဖို့ ပြင်ဆင်သွားပါ။ ပြီးခဲ့တဲ့အပတ်ကပဲ မြို့တော်ရဲ့ အဆောက်အဦးတွေ၊ ပန်းခြံတွေနဲ့ ခွင့်ပြုထားတဲ့ ပွဲတော်တွေမှာ တစ်ခါသုံး ရေဗူးတွေကို ရောင်းချခွင့် ပိတ်ပင် လိုက်ပါပြီ။  အဆောက်အအုံးတွင် ကျင်းပတဲ့ ပွဲတွေကိုလည်း လာမယ့် အောက်တိုဘာ ၁ ရက်နေကစပြီး ရောင်းချခွင့် ပိတ်ပင်သွားဖို့ ရှိပါတယ်။ အချို့သော အားကစားပွဲတွေအတွက်တော့ ရေထောက်ပံ့မှု မလုံလောက်ပါက ချွင်းချက် အဖြစ် ခွင့်ပြုသွားဖို့ ရှိပါတယ်။

ဒီလို ပလပ်စတစ် တစ်ခါသုံးရေသန့်ဗူးတွေကို ပိတ်ပင်လိုက်တာက ကောင်းပါတယ်လို့ ဆိုပါတယ်။ သူတို့တွေက ပတ်ဝန်းကျင်ကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ အမေရိကန်မှာ ပလပ်စတစ်ရေသန့်ဗူး ထုတ်လုပ်ရာမှာ ရေနံစည်ပေါင်း ၁၇ ဘီလီယံ ကို နှစ်စဉ် သုံးစွဲနေ ရပြီး ဒီပမာဏဟာ ၁.၃ မီလီယံ ကားစီးရေ တစ်နှစ်စာ ဆီဖူလုံစေတယ်လို့ Pacific Institute က အဆိုရ တင်ပြထားပါတယ်။ ပျမ်းမျှ အမေရိကန်တစ်ယောက်က တစ်နှစ်ကို ရေသန့်ဗူး ၁၆၇ ဗူး သုံးစွဲပြီး ၃၈ ဗူးခန့်က ပြန်လည် သုံးစွဲပါတယ်။ ဆန်ဖရန်စစ္စကိုရဲ့ ခေါင်းဆောင်တွေ ကတော့ နှစ်စဉ် ဗူးခွံ ၁၀ မီလီယံလောက် စွန့်ပစ်နေကြတယ်လို့ ခန့်မှန်းထားပါတယ်။

အချို့တွေကတော့ ရေဗူးဝယ်သောက်ရတာ နှစ်သက်ကြသလို အပြင်ထွက် လို့ ရေဆာ လာရင် ရေဗူး ဝယ် လိုက်တာက ပိုအဆင်ပြေပြီး လွယ်ကူတယ်လို့ဆိုပါတယ်။ တကယ်လို့သာ မြို့တော်တွင်းမှာ ရေပံ့ပိုးနိုင်မှု အားနည်းပါက စားသုံး သူတွေက ဆိုဒါရေ၊ ကယ်လိုရီမြင့်တဲ့ အချိုရည်တွေ ဝယ်ပြီး အာသာဖြေနေရရင်တော့ ဒါ ပိတ်ပင်တဲ့ စနစ်ဟာ ကောင်းမွန် တဲ့ ပေါ်လစီဖြစ် လာမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။

အခမဲ့ ရေပေးဝေမှုစနစ်နဲ့ ရေသိုလှောင်ဖို့ အခြေခံ အဆောက်အဦးတွေ ကို ပြုလုပ်ပြီး ရင်တော့ ရှေ့ဆက်သာ တိုးပါလို့ တိုက်တွန်းချင်ပါတယ် ဆန်ဖရန်စစ္စကိုနဲ့ နောက် လုပ်ဆောင်လာမယ့် မြို့တော်တွေရေ။

RF: LA TIMES

Photo: 1 Million Women Campaign


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်