ပဲသီးစားပိုး ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နင်းနည်း

10/01/2018 16:11 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

လက်ခံပင်သီးနှံများမှာ ပဲမျိုးစုံ၊ ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးရွက်ကြီး၊ ရုံးပတီ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ နှမ်း၊ ငရုတ် စသည့် အပင်မျိုးစုံတွင် ကျရောက် တတ်သည်။ အင်္ဂလိပ် အမည်မှာ Pod Borer/ Amercian Bollworm/ Cotton Bollworm/ Corn Bollworm or Old World (African) bollworm တို့ ဖြစ်သည်။ မျိုးစဉ် (Order) သိပ္ပံအမည် Heliocoverpa armigera ဖြစ်သည်။ မျိုးစဉ်မှာ Lepidoptera တွင် ပါဝင်ပြီး မျိုးရင်းအမည်မှာ Noctuidae ဖြစ်သည်။

ဖ်က္ဆီးပံုလကၡဏာမွာ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပိုးလောက်ကောင် ဘဝတွင် ကိုက်ဖြတ်ဖျက်ဆီးသည်။ အရွက်များတွင် ဆန်ခါပေါက် ကျ၍ အရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီး၍ အဖူး၊ အပွင့်၊ အသီးများ ပဲ့နေခြင်း၊ ပြတ်နေခြင်းတို့ကို တွေ့ရသည်။ ပိုးလောက်ကောင်၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ် ထက်ဝက်ခန့်သည် အသီးတွင်းသို့ ဝင်ရောက် စားသောက်တတ်ပါသည်။ ကုလားပဲ သီးလုံးများကို ကိုက်ဖောက် ဝင်ရောက်၍ အတွင်း၌ ကုလားပဲစေ့အား စားသောက်နေသော ပိုးလောက်ကောင်ကို ခွေလျက်သား တွေ့ရှိနိုင်ပါသည်။ ပြောင်းဖူးဖက်များ ပဲ့နေခြင်း၊ ပေါက်နေခြင်းကို တွေ့ရပါက ဖက်ကိုခွာကြည့်လျှင် ပြောင်းဖူးစေ့များပေါ်၌ စား သောက်လျက်ရှိသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ပိုးလောက်ကောင်တို့ စွန့်ပစ်သော စိမ်းမဲရောင် ပိုးချေးများကို ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်း အနီးတစ်ဝိုက်၌ ထင်ရှားစွာ တွေ့ရှိရပါသည်။

ဓာတ်ပုံ- ပြောင်းဖူးနှင့် ခရမ်းချဉ်သီးတွင် ဝင်ရောက် ဖျက်ဆီးနေသော လောက်ကောင် (alamy.com)

ဓာတ်ပုံ- ပြောင်းဖူးနှင့် ခရမ်းချဉ်သီးတွင် ဝင်ရောက် ဖျက်ဆီးနေသော လောက်ကောင် (alamy.com)

ဘဝစက်ဝန်း

ဖလံများသည် အညိုရောင်ရှိသည်။ ဖလံမသည် အဝါရောင်ဥများကို တစ်လုံးချင်း အရွက်နှင့် အပွင့်အဖူးတို့၏ မျက်နှာပြင်ပေါ်၌ အုချသည်။ ဖလံမ တစ်ကောင်သည် ဥပေါင်း (၁၀ဝဝ) အထိ ဥနိုင်သည်။ ပေါက်ခါနီးဥသည် အညိုရောင်သို့ ပြောင်းသွားသည်။ ဥမှပေါက်ခါစ လောက်ကောင်သည် အစိမ်းရောင်ရှိ၍ အရွယ်ကြီးသော် စိမ်းညိုရောင်ရှိသည်။ ပိုးလောက်ကောင်၏ ခန္ဓာ ကိုယ်ဘေးတစ်ဖက် တစ်ချက်စီတွင် အညိုဖျော့ရောင် အစင်း တန်းပါရှိသည်။ အစာဝသော ပိုးလောက်ကောင်များသည် အပင် ခြေသို့ဆင်း၍ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်ကြသည်။ ရုပ်ဖုံး၏ အရောင်မှာ တောက်ပြောင်သော နီညိုရောင်ရှိသည်။ ရုပ်ဖုံးမှ ထွက်လာသော ဖလံများသည် ညအချိန်၌ သာထွက်၍ မိတ်လိုက် ကြသည်။ ပိုးလောက်ကောင်များသည် နေ့အချိန်၌ အပင်ခြေ၌ ဖြစ်စေ၊ အရွက်၊ အဖူး၊ အပွင့်များကြား၌ဖြစ်စေ ပုန်းအောင်းနေ၍ ညနေပိုင်းအချိန်မှ နံနက်စောစော (၈) နာရီခန့်အထိ အပင် အစိတ်အပိုင်းတို့ကို ဖျက်ဆီးကြသည်။ ဥဘဝမှ ဖလံသက်တမ်း ကုန်သည်အထိရက်သတ္တ (၄-၅) ပတ်ခန့်ကြာသည်။ ဘဝစက်ဝန်းမှာ ဥဘဝတွင် (၄) ရက်၊ လောက်ကောင်ဘဝတွင် (၂- ၃) ပတ်၊ ရုပ်ဖုံးဘဝတွင် (၁) ပတ်၊ အကောင်ကြီး (ဖလံ) ဘဝတွင် (၁) ပတ် ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) အပင်ပေါ်ရှိဥများ၊ ပိုးလောက်ကောင်များကို လက်နှင့် ကောက်ယူဖျက်ဆီးပါ။

(၂) မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူဖျက်ဆီးပါ။

(၃) ပဲမျိုးစုံ သီးနှံအတွင်း ပြောင်းဖူးကို ထောင်ချောက်သီးနှံ အဖြစ် စိုက်ပျိုး၍ ပြောင်းဖူးပင်ပေါ်၌ ကျရောက်သော ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။

၄) ဖျက်ဆီးမှုလက္ခဏာတွေ့ရှိရသော အပေါက်အပဲ့ရှိသည့် အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။

(၅) ပဲမျိုးစုံ စိုက်ပျိုးမည့်မြေကွက်အား ကြိုတင်ထယ်ထိုး၊ ထွန်မွှေ၍ မြေကြီးနှင့် ပေါင်းမြက်များတွင် ခိုအောင်းနေသော ရုပ်ဖုံးများနှင့် ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။

(၆) မြေပြင်ချိန်တွင် ဖျူရာဒန် ၃ ဂျီ (သို့) ဒိုင်ရာဇီနွန် ၁၀ ဂျီအား တစ်ဧကလျှင် (၃-၆) ကီလိုနှုန်း ထည့်ပေးပါ။ (၇) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။ (ဥပမာ- အဆီဖိတ် (Acephate)/ အင်မီဒါကလိုပစ်(Imidacloprid)

(၈) လောက်ကောင်များသည် ညနေပိုင်းနှင့် နံနက်စောစော ပိုင်းတွင်စားသောက်ဖျက်ဆီးလေ့ရှိသဖြင့် ညနေပိုင်းနှင့် နံနက်စောစောအချိန်များတွင် ပိုးသတ်ဆေးပက်ဖျန်းပါ။

(၉) ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲပါက ဖျက်ပိုး၏ ပိုးသတ်ဆေး ခံနိုင်စွမ်းရည် ပိုမိုလာစေခြင်း၊ စိုက်ခင်း အတွင်းရှိ အကျိုးပြု မိတ်ဆွေပိုးများ သေစေခြင်းတို့ဖြစ်စေသဖြင့် တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးဖျော်ရည် စသည်တို့ကိုအလှည့်ကျသုံးစွဲပါ။

မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန(www.doa.gov.mm)၏ ခွင့်ပြုချက်ဖြင့် ပြန်လည်  မျှဝေခြင်း ဖြစ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်