အခုရက်ပိုင်းအတွင်း မတ်ပဲစျေးနှုန်းများမှာ အနည်းငယ်ပြန်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
မတ်ပဲစျေးနှုန်းများမှာ အနိမ့်ဆုံး ၉သိန်းကျော်ထိရှိခဲ့ရာမှ အခုရက်ပိုင်းအတွင်း ၁၀သိန်းကျော်ထိ ပြန် တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူးဦးမင်းကို ဦးကပြောပါတယ်။
မတ်ပဲစျေးနှုန်းက အခုအနည်းငယ်ပြန်တက်လာတယ်လို့ ပြောလို့ရပါတယ်။အရင်က မတ်ပဲစျေးက ၉သိန်းကျော်ထိ ကျဆင်းသွားပြီးတော့မှ အခုမှ ၁၀သိန်းကျော်ပြန်တက်လာတာဖြစ်ပါတယ်
မတ်ပဲတစ်တန်ကို အရင်က ၉၆၀,၀၀၀ကျပ်ရှိရာမှာ အခုလက်ရှိမှာ တစ်တန်ကို ၁၀၁,၅၀၀၀ ကျပ်ထိ စျေးနှုန်းတက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားနိုင်ငံများကိုလည်း တင်ပို့နေတာဖြစ် ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်