တစ်တန်လျှင် ကျပ် ၁၀၀၀၀၀ ခန့် ဈေးကျသွားသည့် မတ်ပဲဈေးများ အနည်းငယ်ပြန်တက်

05/04/2022 16:30 PM တွင် AMIA AMIA မှ ရေးသား

ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒအပြောင်းအလဲကြောင့် ပြီးခဲ့တဲ့တစ်ပတ်အပိတ်ဈေးနဲ့ အခုတစ်ပတ် မနေ့က အဖွင့်ဈေးကြား တစ်တန်ကို ကျပ် ၁၀၀၀၀၀ ခန့်ထိ ဈေးကျသွားတဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲဈေးတွေဟာ ဒီနေ့မှာတော့ ကျပ် ၃၀၀၀၀ ဝန်းကျင် ဈေးပြန်တက်လာပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မနေ့က ဧပြီ ၄ ရက်(တနင်္လာ)က အဖွင့်ဈေး ၁ တန်ကို ၁၃၈၅၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်ဖ်အေကျူ၊အာစီ) ဈေးဟာ ဒီနေ့မှာတော့ ကျပ် ၃၀၀၀၀ ပြန်တက်လာပြီး တစ်တန်ကို ၁၄၁၅၀၀၀ ဈေးရှိနေပါတယ်။ 

မနေ့က တစ်တန်ကို ၁၅၅၀၀၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ (အက်စ်ကျူအာစီ) ဈေးဟာလည်း ကျပ် ၃ သောင်းခွဲပြန်တက်လာပြီး တစ်တန်ကို ၁၅၈၅၀၀၀ ဈေး ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ 

ပဲစင်းငုံနီ (အာစီ ၊ ၂၀၂၁) ဈေးဟာလည်း ကျပ် ၂၅၀၀၀ ပြန်တက်လာပြီး ဒီနေ့ပေါက်ဈေး တစ်တန်ကို ကျပ် ၁၃၉၅၀၀၀ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အပိတ်ဈေးထက် ယခုတစ်ပတ်အဖွင့်ဈေးကြား အနည်းငယ်စီ ဈေးကျခဲ့တဲ့ပဲတီစိမ်းဈေး၊ ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ စွန်တာနီ/ပြာ၊ ကုလားပဲ စတဲ့ ပဲဈေးတွေကတော့ ပြန်တက်မလာဘဲ မနေ့ကဈေးတွေအတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေဝင်တာတွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲရှိလာပြီးနောက် ဧပြီ ၄ ရက်ကစလို့ ကုန်စည်အချို့ ဈေးနှုန်းအပြောင်းအလဲတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်