လာမည့် ပဲစိုက်ရာသီတွင် မတ်ပဲနှင့် ပဲစင်းငုံများအစား ပြည်ပဈေးကွက်ဝင် သီးနှံများ ပြောင်းလဲ စိုက်ပျိုးကြရန် တောင်သူများထံ အသိပေးချက်များ ထုတ်ပြန်ထား

09/08/2018 14:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လာမည့် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးရာသီတို့တွင် ယင်းပဲများအစား ပြည်ပဈေးကွက်ဝင်သီးနှံများဖြစ်သည့် ပြောင်း၊ ပဲပုပ်စေ့နှင့် ပဲတီစိမ်းတို့ကို ပြောင်းလဲစိုက်ပျိုးကြရန် သက်ဆိုင်ရာဝန် ကြီးဌာနများမှတစ်ဆင့် တောင်သူလယ်သမားများထံ အသိပေးချက်များ ထုတ်ပြန်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုး ထုတ်လုပ်မှုပမာဏမှာ ပြည်ပဝယ်လိုအားထက် ပိုများနေခြင်းကြောင့် ယင်း ပဲနှစ်မျိုးအစား ပြည်ပဈေး ကွက်ဝင်သီးနှံများဖြစ်သော ပြောင်း၊ ပဲတီစိမ်းနှင့် ပဲပုပ်စေ့တို့ကို ပြောင်းလဲစိုက်ပျိုးကြရန် လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ ပဲနှမ်း အသင်းတို့ထံသို့ အကြောင်းကြား ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက သြဂုတ် ၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

ဆောင်းပါး အပြည့်အစုံ ဖတ်ရန်..........


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်