ဆင့်ပွားမျိုးစေ့ (FS) နဲ့မျိုးသန့်မျိုးပွား မျိုးစေ့ (RS)စပါးမျိုးများ ဝယ်ယူနိုင်

20/02/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၉ခုနှစ် မိုးရာသီအတွင်း မျိုးသန့်ခြံများမှရရှိတဲ့ စီးပွားဖြစ်မျိုးသန့်မျိူးစေ့များကို သက်ဆိုင်ရာ စိုက်ပျိူးရေးဦးစီးဌာနများမှာ ဝယ်ယူနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

မျိုးသန့်မျိုးစေ့များဖြစ်တဲ့ ဆင့်ပွားမျိုးစေ့ (FS)နဲ့ မျိုးသန့်မျိုးပွားမျိုးစေ့ (RS) စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါမျိုးစေ့ကို ဝယ်ယူလိုသူများအနေနဲ့ ဖုန်းနံပါတ်

တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ၀၉- ၂၅၀၁၉၉၂၄၈၊

ထားဝယ် (မြို့နယ်ဦးစီးမှူး)  ၀၉- ၄၂၂၂၀၃၆၇၁၊

လောင်းလုံ (မြို့နယ်ဦးစီးမှူး) ၀၉- ၇၈၇၃၁၆၄၂၈၊

ရေဖြူ(မြို့နယ်ဦးစီးမှူး ) ၀၉-၄၃၁၃၄၉၁၆ နဲ့

သရက်ချောင်း(မြို့နယ်ဦးစီးမှူး ) ၀၉ -၄၂၂၁၉၂၂၂၇ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်