နာနတ်သီးပင်များကို စိုက်ပျိုးလိုပါက ဆက်သွယ်နိုင်

17/01/2020 10:24 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တောင်သူများအတွက် ရည်ရွယ်ကာ နာနတ်သီးပင်များကို စိုက်ပျိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တအာင်းဒေသမှာ လက်ဖက်ပင်အပြင် အရိပ်ရသစ်ပင်အနေနဲ့ တောင်သူတွေ ဝင်ငွေ တစ်ဖက်တစ်လမ်းမှာ ရရှိစေဖို့ရည်ရွယ်ကာ နာနတ်ပျိူးပင်များကို တောင်သူများကို ပေးသွားမှာဖြစ်တယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်က ပြောပါတယ်။ 

လက်ဖက်ပင်လေးတွေရှိတော့ အရိပ်ပင်လေးတွေလိုတယ်။ ဝက်သစ်ချကျတော့ အရိပ်ပဲရတယ်။ Bare Foot Doctor Japan အဖွဲ့ကနေပြီးတော့ နာနတ်ပင်တွေက ပင်လတ်စာရင်း ထဲဝင်တယ်ဆိုတော့ လက်ဖက်ခြံပင်အတွက်လည်း အရိပ်ရမယ်။ တခြားဝင်ငွေလည်းရမယ်ဆိုတော့ တောင်သူတွေအတွက် ဇူလိုင်လထဲမှ ပျိုးထုတ်ပေးနိုင်အောင် စီစဉ်နေတယ်

လက်ဖက်အသင်းအနေနဲ့ ပျိုးထုတ်ပေးသွားမှာဖြစ်ပြီး လက်ဖက်အသင်းဝင်တောင်သူများကို ဦးစားပေးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက သြဂဲနစ်ဒေသတွေဖြစ်တဲ့  ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ ၊နမ့်ခမ်း နဲ့ တန့်ယန်းက မြေနေရာတွေကို ဦးစားပေးသွားမှာဖြစ်ကြောင်းလည်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်