ငရုတ်သီး Export ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် ပမာဏအနည်းငယ်သာ တင်ပို့နိုင်ကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
ငရုတ်သီးတင်ပို့မှု Export က ရှိတော့ရှိနေတယ်။ သို့သော် ပမာဏအရမ်းနည်းနေသေးတယ်။ အနီရောင်ကိုတော့ ဝယ်လက်ကလိုချင်တယ်။ မှာယူမှုလည်းရှိတယ်။ ငရုတ်သီး အစိမ်းရောင်ကိုတော့ လက်ရှိမှာ နည်းနည်းတော့ အဝယ်နည်းနေပါတယ်။ ငရုတ်သီး အစိမ်းရောင်ကို ဝယ်ယူနေတဲ့ နိုင်ငံတွေဘက်မှာလည်း ကိုဗစ်ကာလဖြစ်နေတာကြောင့်လည်းပါတယ်။ ဒါ့ကြောင့် သွားတော့သွားနေပေမယ့် ဖြုန်းအားနည်းနေတယ်။
ဟု ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ဥမ္မာကျော် က ပြောသည်။
ငရုတ်သီး (အနီရောင်) ဇကာတင်ရွေးချယ်ပြီး အသန့် (၅)ပိဿာလျှင် (၁၁,၅၀၀)ကျပ် ဈေးနှုန်းဖြင့် တင်ပို့ရောင်းချနေသည်။
ငရုတ်သီးဈေးလေးကတော့ မဆိုးဘူးပြောရမယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်သာ ကိုယ်တွေဘက်က မပေးနိုင်တာ။
ဟု ဒေါ်ဥမ္မာကျော် က ဆက်လက်ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး (မြစ်သား၊ ကျောက်ဆည်၊ မန္တလေး) စသည့် ဒေသများမှ ငရုတ်သီးများကို နယ်စပ်မှတဆင့် တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ