ပဲပုပ်မျိုးစေ့အမျိုးမျိုးရဲ့ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မည်

24/07/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွင်း ပဲပုပ်မျိုးစေ့အမျိုးမျိုးရဲ့ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှသိရပါတယ်။  

ပဲပုပ်မျိုးစေ့ရဲ့အရည်အသွေးကို သိရှိစေနိုင်ဖို့အတွက် ပဲပုပ်မျိုးစေ့များကို Mininfra Smart Whole Grain & Flour Analyser စက်ဖြင့် သုတေသနပြုလုပ်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။

“ အဓိကက ပဲပုပ်မျိုးစေ့များရဲ့ အရည်အသွေးတွေကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မှာပါ။ အခုဌာနအနေနဲ့ အရင်သုတေသနပြုလုပ်ဆောင်ရွက်မယ်။ပြီးရင်တော့ တောင်သူတွေလည်း ပဲပုပ်မျိုးစေ့အရည်အသွေး သိချင်ရင်လာရောက်စစ်ဆေးနိုင်ပါတယ်”

Mininfra SmarT Whole Grain & Flour Analyser စက်မှာ ပဲပုပ်မျိုးစေ့ရဲ့ အစိုဓါတ်၊ ပရိုတင်းဓါတ်၊ ကစီဓါတ်၊ အိုးလီရစ်အက်ဆစ်နဲ့ ဆီပါဝင်မှုနှုန်းတို့ကို တိကျစွာသိရှိစေနိုင်မှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။

အဆိုပါပဲပုပ်မျိုးစေ့ စစ်ဆေးခြင်း Mininfra SmarT Whole Grain & Flour Analyser စက်ကို ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOPIA) မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို လှူဒါန်းခဲ့တာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်