လယ်ယာဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်

01/04/2020 14:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တောင်သူလယ်သမားများအနေနဲ့ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ပါက စက်မှုလယ်ယာဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

    လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို အကူအညီရယူလိုသူများအနေနဲ့ သက်ဆိုင်ရာဌာနများကို ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အဆိုပါဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

    လယ်ယာလုပ်သားအခက်အခဲများကြောင့် လယ်ယာလုပ်ငန်းများ နှောင့်နှေးမှုမဖြစ်စေရန်နဲ့လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန်အတွက် လယ်ယာစက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

    တောင်သူလယ်သမားမျာအနေနဲ့  နီးစပ်ရာစက်မှုလယ်ယာစခန်းများကို ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ် ၀၆၇-၃၄၃၁၂၁၀၊ ၀၆၇ - ၃၄၃၁၂၁၂ နဲ့ ၀၆၇ - ၃၄၃၁၂၁၈ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်