ကြံပင်များ ပိုးမွှားရောဂါကျရောက်မှုလက္ခဏာများ တွေ့ရှိပါက ဆက်သွယ်နိုင်

10/04/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြံစိုက်တောင်သူများအနေနဲ့ ပိုးမွှားရောဂါကျရောက်မှုလက္ခဏာများ တွေ့ရှိပါက သကြားထွက်သီးနှံဌာနခွဲနှင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

ကြံပင်များတွင်ရောဂါ၊ ပိုးမွှားကျရောက်မှုရှိ၊ မရှိကိုစစ်ဆေးပြီး လိုအပ်ပါက ဓါတုဆေးအသုံးပြုခြင်း၊ ရောဂါကျအပင်များ နှုတ်ယူမီးရှို့ခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သိရပါတယ်။

ခြောက်သွေ့ရာသီ ရောက်ရှိပြီဖြစ်ပါသောကြောင့် ဖြည့်စွက်ရေကို အနည်းဆုံး(၂)ကြိမ် သွင်းပေရန်၊ သွင်းရေအခက်အခဲရှိသော ဒေသများမှာ အစက်ချရေသွင်းနည်းစနစ်ဖြင့်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း သိရပါတယ်။

ရေသွင်းရန်ခက်ခဲ့တဲ့ဒေသများမှာ အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးသော ဟော်မုန်းနဲ့ ဓါတုဆေးများကို ပက်ဖျန်းပေးရန်လိုအပ်ကြောင်း သိရပါတယ်။

ယခုကာလအတွင်း ကြံစိုက်တောင်သူများအနေနဲ့ ကြံပင်များပေါ်မှာ ပိုးမွှားကျရောက်မှုလက္ခဏာများ တွေ့ရှိလာပါက သကြားထွက်သီးနှံဌာနခွဲ ၀၆၇-၄၃၁၁၂၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်