စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ရများအသင်းမှ စီစဉ်ကျင်းပသည့် စိုက်ပျိုးရေး ဟောပြောပွဲ မည်သူမဆို တက်ရောက်နိုင်

03/07/2015 09:41 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ရများ အသင်း (ရန်ကုန် ရုံးခွဲ) မှ စီစဉ်ကျင်းပသည့် စိုက်ပျိုးရေးဟောပြောပွဲကို ရန်ကုန်မြို့ မြေပဒေသာဥယျာဉ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ၁၈.၇.၂၀၁၅ (စနေနေ့) တွင် စိုက်ပျိုးရေး ရရှိနိုင်သည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဦးဟုတ်စန်း (မန်နေဂျာ-ငြိမ်း၊ လယ်-စိုက်-ရှင်း) မှ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဟောပြောသွားမည်ဖြစ်ပါသည်။ ၂၅.၇.၂၀၁၅ (စနေနေ့) တွင် ဦးတင်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး မှ အန္တရာယ်ရှိ စိုက်ပျိုးရေးသုံး ဓာတုဆေးများကို ကွပ်ကဲ ထိန်းသိမ်းတားမြစ်ရသည့် အကြောင်းအရင်းများ ခေါင်းစဉ်ဖြင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဟောပြောသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ ၂၅၄ ၀၂၂ ၄၁၈ သို့  ဆက်သွယ်၍ စာရင်းကြိုတင် ပေးသွင်းထားရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်