ယခုမြန်မာနိုင်ငံတွင် လက်ရှိလူဦးရေမှာ (၅၂.၄) သန်းရှိပြီး တစ်နှစ်လူဦးရေတိုးနှုန်းမှာ (၁.၈၄) ရာခိုင်နှုန်းရှိသဖြင့် တိုးတက်လာမည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာ လိုအပ်ချက်သည်လည်း တိုးတက် လာမည်ဖြစ်ပါသည်။ ထို့အတူ ရေသယံဇာတ အရင်းအမြစ်များသည် ရာသီဥတုဖောက်ပြန်မှုနှင့် လူအများ၏ ဘက်စုံသုံးစွဲမှုကြောင့် တဖြည်းဖြည်း လျော့နည်းလာပြီး ရေရှားပါးမှုကို ကြုံတွေ့ဖွယ် ဖြစ်လာပါသည်။ ရေရှားပါးမှုဖြစ်လာလျှင် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ထိခိုက်နိုင်ရုံမက စိုက်ပိုျးထုတ်လုပ်သူ လယ်သမားများ၏ ဝင်ငွေကို လျော့ပါးထိခိုက်စေမှာ ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝ အရင်းအမြစ်ရေရှိနိုင်မှု အကန့် အသတ်ဖြစ်ပေါ်နေခြင်း နှင့် အပင်များ မျိုးသုန်းပျောက်ကွယ် ပျက်စီးခြင်း တို့ကြောင့် မိုးခေါင်နေမှု များဖြစ်ပေါ်နေပြီဖြစ်ရာ စပါး စိုက်ခင်းများတွင် ရေအကြိမ်ကြိမ် သွင်းပေးရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားခြင်း၊ တစ်ဧကဝင်ငွေ အကိုျးအမြတ် နည်းပါးရခြင်းတို့ကို သုတေသီများက နည်းလမ်း မျိုးစုံဖော်ထုတ်၍ ဖြေရှင်းရမည် ဖြစ်ပါသည်။
တေသနပြုဖော်ထုတ်ရာတွင် မည်သည့်သီးနှံမဆို ခံနိုင် ရည်ရှိသည့်မျိုးနှင့် နည်းစနစ်များဖော် ထုတ်ရေးသည် အဓိက အရေးကြီးပါသည်။ ယခုအခါတွင် စိုက်ပျိုးရေကို အကိုျးရှိရှိ ချွေတာ သုံးစွဲနည်း စနစ်ဖြစ်သည့် ရေစို တလှည့်ခြောက် တစ်ခါ ရေထိန်းစနစ် “Alternate Wetting and Drying” (AWD) ကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတွင် ဖော်ထုတ်ရရှိခဲ့ပါသည်။ ဤ နည်းစနစ်သည် တစ်ဧကစပါး အထွက်နှုန်းကို မထိခိုက်စေဘဲ ရေလိုအပ်မှု အနည်းဆုံးဖြင့် စိုက်ပိုျးနိုင်သည့် နည်းစနစ်ဖြစ်ပါ သည်။
ဤနည်းစနစ်သည် စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်းရေပေးသွင်း ရမည့်အစား၊ ရေတိုင်း ကိရိယာ (Field Water Tube) ကိုသွင်း၍ မြေမျက်နှာပြင် အောက် (၆) လက်မ အနက်ရေမရှိမှ ရေတစ်ဖန်ပြန်လည် သွင်းပေး ခြင်းဖြစ်သည့် အလိုအပ်ဆုံး အချိန်ရောက်မှသာ ရေပေးသွင်း သည့် စနစ်ဖြစ်ပါသည်။ ရေတိုင်းကိရိယာကို တောင်သူလယ်သမားများ သည် (၆) လက်မ (သို့) (၈) လက်မ အချင်းရှိသည့် PVC ပလပ် စတစ်ပိုက် (သို့) ဝါးလုံးပိုက်များဖြင့် ပြုလုပ်နိုင်ပြီး စိုက်ခင်း တမန်းမြေတွင် မြေမျက်နှာပြင်အောက် (၈)လက်မမြုပ်၍ ခြောက်လက်မြေပေါ် ဖော်ထားရပါမည်။ မြေမျက်နှာပြင်၌ ရေစိမ့်ဝင်နိုင်ရန် အချင်း (၀.၂၅) လက်မခန့်ရှိသည့် အပေါက်များကို (၀.၇၅) လက်မခြား ဖောက်ထား ရပါမည်။ ဤနည်းစနစ်ဖြင့် ရေသွင်းခြင်းသည် တောင်သူသမရိုကျ နည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာ မလိုခြင်း ကြောင့် လုပ်အားခချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာ စေပါသည်။
ရေတစ်ကြိမ်နှင့် တစ်ကြိမ် သွင်းရန်လိုအပ်သည့်ကာလသည် မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူ တည်၍ (၃-၇) ရက်ထား ရှိနိုင်သဖြင့် ရေပေးသွင်းရမည့်အကြိမ်နှင့် စုစုပေါင်းသွင်းရေပမာဏ ကို လျော့နည်းစေပါသည်။ တောင်သူ သမရိုးကျ ရေထိန်း စနစ်ထက် စိုက်ပိုျးရေကို (၁၈ မှ ၂၃) ရာခိုင်နှုန်းအထိ သက်သာစေပြီး၊ ရေကို လျော့နည်း၍ သုံးစွဲရသော်လည်း စပါးအထွက်နှုန်းကို ထိခိုက်ခြင်းမရှိသော နည်း စနစ်ဖြစ်ပါသည်။
ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်း၍ ဆည်ရေသောက် လယ် စပါးများတွင် ရေထိန်းစနစ်များဖြစ်သည့်
(၁) မြေမျက်နှာပြင် အောက် (၆) လက်မ အနက်ရောက် မှသော်လည်းကောင်း၊
(၂) မြေမျက်နှာပြင်အောက် (၁၀) လက်မအနက်ရောက်မှသော် လည်းကောင်း၊
(၃) မြေမျက်နှာပြင်အောက် (၁၂) လက်မ အနက်ရောက်မှသော်လည်းကောင်း ရေမရှိမှ ရေတစ်ဖန်ပြန် လည် သွင်းပေးခြင်းကို ရေတိုင်းကိရိယာများသုံး၍ သုတေသနပြု ဆောင်ရွက်ခဲ့ရာတွင် စပါးအထွက်နှုန်းကို မထိခိုက်စသည့်အပြင် တောင်သူသမရိုးကျ ရေထိန်းစနစ်ထက် စိုက်ပိုျးရေကို (၂၀-၂၅) ရာခိုင်နှုန်းခန့် ချွေတာနိုင်ကြောင်း လက်တွေ့ တွေ့ရှိခဲ့ပါသည်။
သီးထပ်ရင်စပါး၏ ရေထိန်းစနစ်အလိုက် အထွက်နှုန်းနှင့် ရေသုံးစွဲမှုမှတ်တမ်း
တောင်သူသမရိုးကျနည်း = စိုက်ကွက်အတွင်း ရေ (၂) လက်မထိန်းထားခြင်း
စပါးခင်းများအတွက် ရေကိုအချိန်အခါမရွေးသွင်းရန် လွယ်ကူသောဒေသများ၌ ရေထိန်းစနစ် ဖြစ်သည့် မြေမျက်နှာပြင် အောက် (၆) လက်မအနက် ရေမရှိမှ ရေတစ်ဖန်ပြန်လည် သွင်းပေးခြင်းဖြင့် လုပ်အားခသက်သာစေပြီး စိုက်ပျိုးရေကို ချွေတာနိုင်သောကြောင့် စိုက်ပိုျးကုန်ကျစရိတ် သက်သာစေပါ သည်။ ၎င်းအပြင် ဤရေထိန်းစနစ်သည် စိုက်ခင်းအတွင်း ရေလိုအပ်မှ ရေသွင်းရသဖြင့် ဆည်ရေကို အားကိုးရသောဒေသ များအတွက် လက်ရှိလှောင်ရေ ပမာဏနှင့် စိုက်ဧက တိုးချဲ့ စိုက်ပျိုးနိုင်မည် ဖြစ်ပါ သည်။
ရေရရှိရန်ခက်ခဲသောဒေသများ၊ ရေရှားပါးသောဒေသများ၌ ရေထိန်းစနစ်ဖြစ်သည့် မြေမျက် နှာပြင်အောက် (၁၀) လက်မအနက် ရေမရှိမှသော်လည်းကောင်း၊ မြေမျက်နှာပြင်အောက် (၁၂) လက်မ အနက် ရေမရှိ မှသော်လည်း ကောင်း ရေတစ်ဖန်ပြန်လည်သွင်းပေးခြင်းဖြင့် အထွက်နှုန်းကို မထိခိုက် စေခြင်းကြောင့် ရေရှိရန်နေရာနှင့်ဝေးသော စပါးစိုက်လယ်များအတွက် သင့်လျော်သော ရေထိန်းစနစ် များဖြစ်ပါသည်။
၎င်းအပြင် ဤရေထိန်း စနစ်ကြောင့် စပါးပင်၏ ပြင်ပရုပ်သွင်လက္ခဏာများ၊ အပင်ဇီဝကမ္မဆိုင်ရာ လက္ခဏာများ၊ အထွက်မိတ်ဖက်လက္ခဏာများကိုလည်း ထိခိုက်မှုမရှိကြောင်း တွေ့မြင်ခဲ့ရပါသည်။ AWD ရေထိန်းစနစ်အခြေအနေကိုလိုက်၍ ရေသွင်းရမည့်အကြိမ် (Frequency) နှင့် ရေတစ်ကြိမ်နှင့် တစ်ကြိမ် သွင်းရမည့်ကာလ (Interval) များရှိသဖြင့် မြေအောက်ရေကိုအားကိုးရသော မြစ်ရေတင်ဒေသများ အတွက်ကုန်ကျစရိတ်သက်သာစေသည့်အပြင် စပါးစိုက်ဧက တိုးချဲ့ စိုက်ပိုျးနိုင်သောကြောင့် မိုးခေါင်၍ ပူပြင်းခြောက်သွေ့သောဒေသ များအတွက် သင့်တော်သော ရေထိန်းစနစ် နည်းပညာ ဖြစ်ပါသည်။
ဤရေထိန်းစနစ်တစ်မျိုးမျိုးကိုအသံုးပြုမည်ဆိုလျှင်
စမ်းသပ်ချက်အလိုက် ရေသွင်းရမည့် (Interval) နှင့် အကြိမ် (Frequency) မှတ်တမ်း
(သဲဆန်သောမြေ)
၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရပါမည်။
၂) ကန်သင်းကောင်း၍ ကန်သင်းလုံရပါမည်။
၃) သမန်းကောင်းရပါမည်။
၄) ပေါင်းမြက်များ အချိန်အခါမှီ ကာကွယ်နှိမ်နင်းရပါမည်။
၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းရပါမည်။
၆) ပန်းမပွင့်ခင်နှင့် ပန်းပွင့်ပြီး (၁) ပတ် ရေအနက် (၂) လက်မခန့် ထိန်းထားရပါမည်။
ဤရေထိန်းစနစ်ကိုအသုံးပြုမည်ဆိုပါက စိုက်ပျိုးရေကိုချွေတာနိုင်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas) ထွက်ရှိမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် စိုက်တန်းကြားလေ ဝင် လေထွက်ကောင်းစေပြီး စပါးပင် အတွက် လိုအပ်သောအာဟာရဓာတ်ရရှိနိုင်မှုကို တိုးပွားစေပြီး အမြစ်ဖွဲ့ စည်းမှု အားကောင်းလာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်စေပါသည်။ စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံထားခြင်းဖြင့် မလိုလားအပ်သောပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်သဖြင့် စိုက်ခင်းရှိအနှံပါ ပင်ပွားများအားကောင်းစေပြီး စပါးအထွက် ပိုမိုမြင့်မားစေပါသည်။
သို့ဖြစ်ပါသောကြောင့် ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကိုျးများကို လျော့နည်းသက်သာစေရန် စပါးခင်းများတွင် တောင်သူသမရိုးကျနည်းအတိုင်းရေအမြဲထိန်းထားရန်မလိုဘဲ၊ ရေစိုတစ်လှည့်ခြောက် တစ်ခါ (AWD) ရေထိန်းစနစ်ကို အသုံးပြုသင့်ကြောင်း စိုက်ပိုျးရေးသုတေသနဦးစီးဌာနမှ တွေ့ရှိချက် များနှင့်အတူ သတင်းကောင်းပါးလိုက်ရပါသည်။
ဒေါက်တာခင်မာဌေး