ငရုတ်စိုက်တောင်သူများ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ကောင်း(GAP)လက်မှတ်များ လျှောက်ထားနိုင်

03/09/2019 10:10 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ငရုတ်စိုက်တောင်သူများအတွက် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP)လက်မှတ်များ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဌာနများမှာလျှောက်ထားနိုင်ကြောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ သိရပါတယ်။

   ငရုတ်တောင်သူများ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ်လျှောက်ထားလိုပါက သက်ဆိုင်ရာစိုက်ပျိုးရေးရုံးများမှာ သွားရောက်ကာလျှောက်လွှာတင်ရမှာဖြစ်ကြောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ပြောပါတယ်။

   “ လျှောက်ချင်တဲ့တောင်သူတွေအနေနဲ့ လျှောက်လွှာများကို မိမိတို့ရဲ့သက်ဆိုင်ရာမြို့နယ်အလိုက် သွားလျှောက်ထားနိုင်ပါတယ်။ လိုအပ်တာတွေကို ပြောပေးလိမ့်မယ်။ ဘာတွေလိုက်နာရမလဲဆိုတာတွေကိုပါ ပြောပြပေးသွားမှာပါ။ လိုအပ်တာတွေ စစ်ဆေးတာတွေကူညီပေးပါလိမ့်မယ်”

   ငရုတ်စိုက်တောင်သူများအနေနဲ့လည်း ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ် လျှောက်ထားသူများမှာ နည်းနေသေးတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။

   ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ် လျှောက်ထားနိုင်တဲ့ သီးနှံမျိုးပေါင်း(၂၈) မျိုးရှိကြောင်းလည်း ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်