ငရုတ်စိုက်တောင်သူများ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ကောင်း(GAP)လက်မှတ်များ လျှောက်ထားနိုင်

03/09/2019 10:10 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ငရုတ်စိုက်တောင်သူများအတွက် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP)လက်မှတ်များ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဌာနများမှာလျှောက်ထားနိုင်ကြောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ သိရပါတယ်။

   ငရုတ်တောင်သူများ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ်လျှောက်ထားလိုပါက သက်ဆိုင်ရာစိုက်ပျိုးရေးရုံးများမှာ သွားရောက်ကာလျှောက်လွှာတင်ရမှာဖြစ်ကြောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ပြောပါတယ်။

   “ လျှောက်ချင်တဲ့တောင်သူတွေအနေနဲ့ လျှောက်လွှာများကို မိမိတို့ရဲ့သက်ဆိုင်ရာမြို့နယ်အလိုက် သွားလျှောက်ထားနိုင်ပါတယ်။ လိုအပ်တာတွေကို ပြောပေးလိမ့်မယ်။ ဘာတွေလိုက်နာရမလဲဆိုတာတွေကိုပါ ပြောပြပေးသွားမှာပါ။ လိုအပ်တာတွေ စစ်ဆေးတာတွေကူညီပေးပါလိမ့်မယ်”

   ငရုတ်စိုက်တောင်သူများအနေနဲ့လည်း ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ် လျှောက်ထားသူများမှာ နည်းနေသေးတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။

   ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ် လျှောက်ထားနိုင်တဲ့ သီးနှံမျိုးပေါင်း(၂၈) မျိုးရှိကြောင်းလည်း ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်