မြန်မာ့ငရုတ်သီး ဗီယက်နမ်နိုင်ငံကို စတင်တင်ပို့သွားမည်

08/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်ဇန်နဝါရီလကုန်မှာ မြန်မာ့ငရုတ်သီးကို ဗီယက်နမ်နိုင်ငံကို စတင်တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

ဒီလကုန်မှာ မြန်မာပြည်အောက်ပိုင်းကထွက်ရှိတဲ့ ငရုတ်သီးမျိုးများကို ဗီယက်နမ်နိုင်ငံကိုတင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။

ဧရာဝတီတိုင်းဘက်ကထွက်ရှိတဲ့ ငရုတ်သီးမျိုးတွေကို ဒီလကုန်မှာ စမ်းသပ်တင်ပို့ဖို့တော့လုပ်ဆောင်နေပါတယ်။ အရည်အသွေးကောင်းတယ်ဆိုရင်တော့ တင်ပို့သွားမှာပေါ့နော်။ ပို့တာကတော့ ဗီယက်နမ်နိုင်ငံကိုပဲ တင်ပို့သွားမှာပါ

မြန်မာ့ငရုတ်သီးမျိုးများဖြစ်တဲ့ ၇ သုံးလုံး ၊ ဆန်းရှိုင်းနဲ့ စတားဟော့အမျိုးအစားများကို တင်ပို့သွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီး ၊ ကျောက်ဆည်နဲ့ အထက်ပိုင်းဒေသများမှာ အများဆုံး စိုက်ပျိုးတာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်