အညာဒေသတွင် ဂန္ဓမာပန်းပျိုးထောင်စိုက်ပျိုးခြင်းထက် ကိုင်းဖြင့်စိုက်ပျိုးခြင်းက တွက်ခြေကိုက်

17/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အညာဒေသတွင် ဂန္ဓမာပန်းကို ယခင်က အစေ့ကိုပျိုးပြီးစိုက်ကြရာမှ ယခုနှစ်ကြီး ထွားနှုန်းမြန်ကာ အချိန်တိုအတွင်း ဆွတ်ခူး (ရိတ်သိမ်း)နိုင်သည့် ကိုင်းခေါ်ဂန္ဓမာငုတ်ဖြင့် အစားထိုးစိုက်ကြရာ ဖြစ်ထွန်းအောင်မြင်လျက် ရှိသည့်အပြင် တွက်ခြေကိုက်နေကြောင်း သိရသည်။

အချိန်တိုအတွင်း

"ကျွန်တော်တို့ ဂန္ဓမာပန်းကို အရင်ကအစေ့ သို့မဟုတ် ပျိုးပင်ကိုစိုက်ကြတာပါ။ ပျိုးပင်က တော့ အနည်းဆုံးစိုက်ချိန်ကနေ ပွင့်ချိန်အထိ ၆၅ ရက်ကြာတယ်။ ဒီထဲမှာရေသွင်းရေဖျန်းနဲ့ စရိတ်စကရှိတယ်။ အခုနှစ်တော့ ဂန္ဓမာငုတ် တွေကို မန္တလေးနဲ့ ပြင်ဦးလွင်ကနေမှာပြီး စိုက်ကြတယ်။ အရမ်းအောင်မြင်တဲ့အပြင် ငုတ်ကနေ တစ်အုပ်တစ်မကြီးဖြာပြီး အပွင့် အဆိုင်လိုက်၊ အခိုင်လိုက်ပွင့်တယ်။ ပြီးတော့ ၄၅ ရက်မှာ ရောင်းလို့ရပြီမို့ အချိန်တိုအတွင်း ငွေဖြစ်ပေါ့"ဟု ရေနံချောင်းမြို့နယ်မှ ဂန္ဓမာ စိုက်သူ ဦးထွန်းဝေက ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်