ဂန္ဓမာပန်းတင်ပို့ခြင်းနှင့် ဈေးကွက်ဖြန့်ဖြူးခြင်း

06/01/2021 11:45 AM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    ဂန္ဓမာပန်းတွေမှာ သူတို့ရဲ့ ရာသီအလိုက်၊ ပန်းအမျိုးအစားအလိုက် အစည်းစီးတာ ကွာဟချက်တွေရှိပါတယ်။ တချို့သောပန်းတွေက အထုံးစည်း (ကီလိုစည်း) ပြောင်းလဲလာသော အလေးချိန်အားဖြင့် အခုနောက်ပိုင်း တစ်ပိသာခွဲဝန်းကျင်ကို တစ်စည်းအနေနဲ့ စည်းလာကြပါတယ်။ ဒါက လွန်ခဲ့သောနှစ်ပေါင်းများစွာက ကီလိုစည်းဆိုတာ 1kg ကိုသာ စည်းကြပေမယ့် ပွဲစားများရဲ့အလိုအရ၊ တောင်သူများရဲ့ စီမံခန့်ခွဲမှုများ အားနည်းသောကြောင့် အခုဆိုရင် တစ်ပိသာခွဲ 3kg နီးပါးအစီးတွေ ဖြစ်လာတာဟာ တစ်ကယ်ဆိုရင် ဘယ်လိုမှမဖြစ်သင့်ပါဘူး။ 

    နောက်ထပ်တစ်မျိုးက အခက်‌အရေအတွက်ပါ။ အစည်းပြောမယ်ဆိုရင် သူက တစ်ခက်တစ်ပွင့် (သို့ ) တစ်ခက် သုံးပွင့်ပါဝင်တဲ့ အခက်စုစုပေါင်း ဆယ်ခက်ကို တစ်စည်းအနေနဲ့ ထုတ်လုပ်တဲ့ပန်းတွေလည်းရှိပါတယ်။ ဒါက တောင်သူတွေအတွက်တော့ ကောင်းပါတယ်။ တစ်ချက်က တောင်သူတော်တော်များများက ဒီ ဆယ်ခက်အစည်းထဲမှာ သိပ်မကောင်းတဲ့ အရည်အသွေးမမှန်တဲ့ အခက် ၂-၃ ခက် ညှပ်၍စီးနေခြင်းဟာ တစ်ကယ်ကိုအဆင်‌မပြေပါဘူး။ မသမာမှုလို့တော့မြင်မိပေမဲ့ ဝယ်သူဘက်က လက်ခံနေမှတော့ ကိုယ်က ကြားထဲကနေ ပြောနေရတာ အဆင်မပြေလှပါဘူး။ 

ဒါဆိုရင် ပန်းတွေကို ဘယ်လိုထုတ်ပိုးလဲ ပြောပြပါရစေ။

    ပန်းအထုံးစည်း - ကြပ်ဖာတစ်ပုံး -၂၀ စီး ပုံမှန်ထည့်ပါတယ်။ တစ်ခါတစ်ရံ အစည်းပိုပိုကြီးပါက -၁၈ စည်းသာထည့်ပါတယ်။ အစည်းနဲနဲသေးပါက -၂၅ စီးထိ ဖိသိပ်ထည့်တဲ့သူတွေလည်း ရှိပါတယ်။ အခက်ရေ -၁၀ ခက်စည်းဆိုရင်တော့ ကြပ်ပုံးတစ်ပုံး -၅၀ - ၆၀ စည်းထည့်ပါတယ်။ အဲ့ဒီလိုပြောတော့ သူရဲ့ဆိုဒ်နဲ့ညီမျှတဲ့ ကြပ်ပုံးဝယ်ရပါတယ်။ တစ်ပုံး - လက်လီဈေး -၁၈၀၀ - ၂၀၀၀ ကျပ်ရှိပါတယ်။ ဒါကြောင့် ကြပ်ပုံးတစ်ပုံး၊ သတင်းစာ၊ တိပ်၊ ရေခဲဘူး ၂ ဘူး၊ ကြိုးအပါအဝင် ထုပ်ပိုးခ -၃၀၀၀ ကျပ် ကျသင့်ပြီး ရှင်းပေးရပါတယ်။

သယ်ယူပို့ဆောင်ခြင်း 

- ကုန်ကား (ကားအသင်း ၁၀ - ၁၂ ဘီးကား )

- express လိုင်းဆွဲကား 

- van car taxi ကား 

- အအေးကား (premium ) တို့နဲ့ နေရာဒေသအသီးသီးသို့ ပို့ဆောင်ကြပါတယ်။ 

    ကုန်ကား (ကားအသင်း) တွေအနေနဲ့တော့ ပြင်ဦးလွင်တွင် လျှမ်းလျှမ်းတောက်၊ ထူး၊ ပန်းနှင်းဆီ စတဲ့ ကုန်ကားအသင်းတွေဖြစ်ပြီး ရန်ကုန် သီရိမင်္ဂလာဈေးသို့ တိုက်ရိုက်ပို့ဆောင်ကြပါတယ်။ နောက်ပီး ပန်းပွဲရုံတွေအထိ လိုက်လံသယ်ဆောင်ပေးပြီး အဆင်ပြေသော သယ်ယူပို့ဆောင်မှု တစ်ခုဖြစ်ပါတယ်။ တစ်ခု အဆင်မပြေတာက ကြပ်ပုံးတွေကြီးပဲ ကားအပြည့်တင်တဲ့အခါ အောက်ဆုံးက ကြပ်ပုံး၊ လမ်းခရီး မိုးရွာပါက မိုးကာခြုံသော်လည်း ပျက်စီးမှုတွေ ရှိနေနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်က သူက ရန်ကုန် နဲ့ တခြားလမ်းတစ်လျှောက်က မြို့တွေကိုသာ အဓိက ပို့ဆောင်တာပဲဖြစ်ပါတယ်။ 

    နောက်ထပ်က Express ကားများမှလည်း နေရာဒေသမျိုးစုံ‌သို့ ပို့ဆောင်ပေးကြပါတယ်။ သူကတော့ ပို့ဆောင်ရာမှာ ပြင်ဦးလွင် - လားရှိုးလမ်းတစ်လျှောက် နီးစပ်ရာ ကားလက်မှတ်အရောင်းဆိုင်များသို့ ပို့ဆောင်ပေးရပါတယ်။ ပြင်ဦးလွင်မှ တိုက်ရိုက်ထွက်သော မြို့ပေါင်းစုံသို့ ပို့လို့ရတာပဲဖြစ်ပါတယ်။ ပို့ခအနေနဲ့တော့ ရန်ကုန်ဆိုပါက -ကြပ်ပုံးတစ်ပုံး ၅၀၀၀ - ၆၀၀၀ ကျပ်အထိပေးရပါတယ်။ နယ်‌ဆိုရင် နယ်ဒေသအလိုက် တန်ဆာခတွေ အသီးသီးကျသင့်တာပဲဖြစ်ပါတယ်။ နောက်ထပ် Express ကားက ပြင်ဦးလွင်မှ တိုက်ရိုက်မရှိသောမြို့များသို့ ပို့လိုပါက ပြင်ဦးလွင် - မန္တလေး ပြေးဆွဲနေသော Van car (Taxi) ကားအသေးလေးတွေနဲ့ သက်ဆိုင်ရာ ကားဂိတ် သို့ ကျွဲဆည်ကန်ကားကွင်းသို့ ပို့ဆောင်ပေးရတာပါတယ်။ တန်ဖိုးကျသင့်ငွေမှာ တစ်ပုံးလျှင် ၄၀၀၀ ကျပ် နှင့် ကားဂိတ်အရောက်၊ ကားထွက်ချိန်အမှီပို့ပေးတဲ့အပြင် အိမ်တိုင်ရာရောက် သယ်ဆောင်ပေးကြပါတယ်။ 

    တကယ်နယ်ဝေးတွေဆိုရင် ကုန်ကျစရိတ်က တစ်စီးကို ၁၀၀၀ နှင့်အထက်ထိ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာကိုလည်း တွေ့ရမှာပါဖြစ်ပါတယ်။

အအေးကား ခေါ်  premium

    သူကလည်း ကုန်ကားနဲ့ဆင်တူပါတယ်။ သူကကျတော့ ပန်းအပြင် တခြားဟင်းသီးဟင်းရွက်အစုံ လက်ခံတင်ပို့ပေးပါတယ်။ သူက 1kg - ၉၀ ကျပ်နှုန်းနဲ့ကောက်ခံပြီး သူတို့ရဲ့ ခြင်းတောင်းကိုလည်းငှားလို့ရပါတယ်။ အဓိကကတော့ သစ်သီးမင်္ဂလာဈေးသို့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။ ပန်းပုံးတစ်ပုံးဆိုရင်တော့ -၅၀၀၀ ကျပ် ပေးရပါတယ်။ ဂိတ်ကုန်ကားရှိရာသို့ ပစ္စည်းပို့ရသော စနစ်ပဲဖြစ်ပါတယ်။

တင်ပို့ရောင်းချမှု 

    တင်ပို့ရောင်းချမှု အနေနဲ့ကတော့ ပြင်ဦးလွင်မှ တစ်နိုင်ငံလုံးသို့ ဖြန့်ချီရောင်းချပါတယ်။ နယ်စပ်ဒေသများဖြစ်တဲ့ မြဝတီ၊ တမူး၊ ကလေး၊ လားရှိုး၊ မူဆယ် စတဲ့ နေရာဒေသနီးဝေးကို တင်ပို့ရောင်းချကြတာပဲဖြစ်ပါတယ်။ 

    တင်ပို့ရောင်းချရာမှာ တစ်ချို့သောကုန်သည် -ပွဲစား ဟန်ချက်မညီတဲ့အခါ ငွေမရရှိမှု၊‌ လိမ်လည်ခံရမှုများစွာလည်း ရှိနေတတ်တာကတော့ အရောင်းအဝယ်လုပ်ခြင်းရဲ့ သဘောတရားပဲဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်