လိုအပ်သော ပစ္စည်းများမှာ -
- ရှောက်သီး - ၅-၆ လုံး၊ အရွယ် အလတ်စား၊ ရှောက်ခွံ အတွင်းသားသည် ဖော့ကဲ့သို့ အသားမထူလွန်းသောမျိုး
- သကြား - ၆၀% ရှောက်ခွံ အလေးချိန်အပေါ်
- ထုံး(ကွမ်းစား) - ၁ % ရှောက်ခွံ အလေးချိန်အပေါ်
- ဆား - ဇွန်း သေး ၁/၄ ပိဿာ
- ကပ်စီးနှဲ - ဇွန်ကြီး ၁ ပိဿာခွဲ
ရှောက်သီးကို အလယ်မှ ပိုင်းဖြတ်ပြီး အစေ့ထုတ်၊ အူတိုင်ဖယ်၍ အရည်ညှစ်ရသည်။ ထို အရည်တစ်ဝက်ခန့်ကို ကျိုချက်ရာတွင် ပြန်လည် အသုံးပြုပါသည်။ ရှောက်ခွံကို ထုံးကြက်တက်ရည်တွင် ၁၂ နာရီခန့် စိမ်ထားရသည်။ ထုံးကြက်တက်ရည်မှ ဆယ်ယူပြီး ပွက်ပွက်ဆူအောင် ရေနှင့် ပြုတ်၍ သွန်ပစ်ရသည်။ ထိုသို့ ရေနှင့် ပြုတ်၍ ၂-၃ ကြိမ်လုပ်မှ ရှောက်ခွံ၏ အခါးဓာတ် သက်သာသည်။ ထို့နောက် ရှောက်ခွံပျော့သွားအောင်ပြုတ်ရသည်။ ရှောက်ခွံ ပျော့သွားပါက အအေးခံပြီး၊ နုတ်နုတ်စင်း၍ ဖြစ်စေ၊ သေးသေးရှည်ရှည်လှီး၍ ဖြစ်စေ လိုရာပုံစံရအောင် လှီးဖြတ်ရသည်။
ထိုရှောက်ခွံကို ချိန်တွယ်၍ ရသော အလေးချိန်၏ ၆၀ ရာခိုင်နူန်းကို သကြားထည့်ရသည်။ ချန်ထားသော ရှောက်ရည်တစ်ဝက်ကိုပါ ထည့်၍ မီးအေးအေးဖြင့် ကျိုရသည်။ ထိုယိုထဲသို့ ကပ်စေးနှဲနှင့် ဆားတို့ကို ထည့်ရသည်။ အရောင်ထည့်လိုပါက ယိုဖြစ်ပြီး မီးဖိုပေါ်မှ ချပြီးနောက်မှ ထည့်ရသည်။ ယိုထိုးသည့် အိုးသည် မျက်နှာဝကျယ်သော စတီးအိုးဖြစ်သင့်သည်။ ဒန်အိုးကို မသုံးသင့်ချေ။ ပျစ်ပြီး အရောင်ပြောင်းလာပါက ယိုဖြစ်ပြီ။ ယိုထိုးနေစဉ်တူးခြင်း၊ ကပ်ခြင်းမရှိအောင် မကြာမကြာမွှေနေရသည်။
ကိုးကား - သီးနှံစျေးကွက်တိုးချဲ့ဖို့ တာရှည်ခံအောင် လုပ်ကြစို့
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်