တရုတ်ဘက်မှ လေဖိအားကြီးရပ်ဝန်း အားကောင်းမှုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အနုတ်ဒီဂရီအထိ အေးနေပြီး နောက်သုံးရက်အထိ အအေးပိုနိုင်

26/12/2018 07:22 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

တရုတ်ဘက်မှ လေဖိအားကြီးရပ်ဝန်း အားကောင်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် အနုတ်ဒီဂရီအထိ အေးနေပြီး နောက်သုံးရက်အထိ အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“နောက်သုံးရက်ပိုင်းကတော့ အေးနေဦးမှာပေါ့။ အိန္ဒိယတို့ကလည်း ကြေညာထားတယ်။ ထိုင်းကလည်း ပိုပြီးတော့ အေးလာမယ်ပြောမယ်။ နောက်ရက်ပိုင်းထက် ပိုပြီးတော့ အေးနေမယ့် အနေအထား ရှိတယ်။ တချို့နေရာတွေမှာတော့ ပုံမှန်အပူချိန်တော့ ရှိမယ်။ အဓိကကတော့ ကချင်၊ ချင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်တို့ကတော့ အေးနေဦးမှာဖြစ်တယ်။ အဓိက ကတော့ တရုတ်ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်း အားကောင်းနေလို့ဖြစ်တယ်။ အိန္ဒိယနိုင်ငံဘက်မှာတော့ အအေးလှိုင်း ဖြတ်နေတယ်။ ဒီဘက်ထဲမှာတော့ လောလောဆယ် မတွေ့သေးဘူး။ များသောအားဖြင့် အိန္ဒိယဘက်ကို အအေးလှိုင်းဖြတ်တာ များတယ်။ ဒီဘက်မှာဆိုရင် အနုတ် ၇ ဒီဂရီ စင်တီဂရိတ်ကနေ ၈ ဒီဂရီစင်တီဂရိတ်လောက်ထိ ငါးရက်၊ ခြောက်ရက်လောက်ဖြစ်မှ အအေးလှိုင်း ဖြတ်တယ်လို့ ခေါ်တယ်။ တစ်ရက်နှစ်ရက်လောက်ဖြစ်ရင် အအေးလှိုင်းဖြတ်တယ်လို့ မခေါ်ဘူး” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်