ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်

19/03/2019 10:13 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်သည့် (G to G) စနစ်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၏စီစဉ်မှုဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုပေါင်းရောင်းချတင်ပို့ရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လိုသည့် အသင်းဝင်ကုမ္ပဏီများကို မတ်လ ၁၃ ရက်နေ့မှ စတင်ဖိတ်ခေါ်ထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပူးပေါင်းဆောင်ရွက်လိုသည့် အသင်းဝင်ကုမ္ပဏီများရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်အကြောင်း ကြားရန်နှင့် အသင်းချုပ်ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ Letter Head ကို ဖြည့်စွက်၍ မတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား တင်ပြလျောက်ထားနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

အသင်းချုပ်က သတ်မှတ်ထားသည့်အတိုင်း ကုမ္ပဏီများကို ဖိတ်ခေါ်၍ ပို့ကုန်တင်ပို့မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကူညီစီစဉ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖော်ပြထားသည့် ကုမ္ပဏီ Letter Head တွင် နှစ်စဉ်ဆန်နှင့် ဆန်ကွဲတင်ပို့သည့် ပမာဏ၊ ကုမ္ပဏီ၏ ဆန်သိုလှောင်ရုံများ အကျယ်အဝန်း၊ တင်ပို့သည့် ဆန်အမျိုးအစား၊ လယ်သမားနှင့် အကျိုးတူ လယ် ယာလုပ်ငန်း စုစုပေါင်းစိုက်ဧက၊ ဆန်စက် တစ်နေ့ထုတ်လုပ်နိုင်မှုများကို ဖြည့်စွက်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးပြုလုပ်၍ G to G အစီအစဉ် အပါအဝင် စုပေါင်းရောင်းချသည့် အစီအစဉ်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲအပြီးတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

source - ကြေးမုံ

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်