မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

04/02/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် JETRO (Japan External Trade Organization) နဲ့ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဂျပန်မှ မြန်မာ့ပန်းကဏ္ဍကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် မနေ့ကလာရောက်ဆွေးနွေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြောပါတယ်။

ဂျပန်က ပန်းကဏ္ဍကို ပူးပေါင်းနိုင်ဖို့အတွက် လာရောက်ဆွေးနွေးတာပါ။ ပန်းစိုက်တောင်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်။ အခုလာမယ့် (၇) ရက်နေ့မှာလည်း  ဘားအံမှာ ဆွေးနွေးပွဲလုပ်သွားဖို့ရှိတယ်

ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ပန်းစိုက်ပျိုးရန်အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ယခုလအတွင်းမှာလည်း ဂျပန်နည်းပညာဖြင့် ပန်းနဲ့ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနည်းကိုလည်း ဟောပြောပွဲများပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်