ရွက်စုံစားခူဝါ (Common Hairy Caterpillar)

11/01/2018 12:34 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ကျရာက်သည့်အချိန်မှာ နှမ်းပင် သက်တမ်းတစ်လျှောက်လုံးတွင် ကျရောက်တတ်သည်။ သိပ္ပံအမည်မှာSpilosomaobliqua၊ မျိုးစဉ် Epidoptera၊ မျိုးရင်း အမည် Arctiidae ဖြစ်သည်။

၁။ ဖ်က္စီးပံု လကၡဏာ- တစ်ချို့နှစ်တွင် သာမညဖြစ်၍ တစ်ချို့နှစ်တွင် ဆိုးရွားစွာ ကျရောက်တတ်သည်။ ဥမှပေါက်ခါစ ပိုးလောက်ကောင်သည် အရွက်ကို ခြစ်စားသည်။ အရွက်မှာ အစိမ်းရောင်ပျောက်ပြီး ဝါကုန်သည်။ ပိုးလောက်ကောင်ကြီးများသည် အရွက်များကို ကိုက်ဖြတ်စားသဖြင့် အရွက်များ စုတ်ပြတ်နေပြီး၊ အချို့အရွက်များမှာ ရိုးတံသာ ကျန်သည်။ အရွက်ပေါ်တွင် ပိုးမစင်များ ကိုတွေ့နိုင်သည်။

၂။ ဘဝစက်ဝန်း-ဥများကို အစုလိုက် အရွက်ပေါ်တွင် ဥသည်။ ဥဘဝတွင် (၄-၅)ရက်၊ ပိုးလောက်ကောင် ဘဝတွင် (၂၁) ရက်၊ ပိုးရုပ်ဖုံးဘဝတွင်(၇)ရက် ကြာသည်။ ပိုး ရုပ်ဖုံးကိုမြေကြီးထဲတွင် ပြုလုပ်သည်။

ဓာတ်ပုံ-ရွက်စားစုံခူဝါ အကောင်ငယ်

၃။ ကာကွယ်နှိမ်နင်းနည်း

(က) အရွက်ပေါ်တွင် ဥအစုလိုက်တွေ့ပါက ဖျက်စီးပစ်ပါ။

(ခ) ပထမအဆင့် ပိုးလောက်ကောင်များ အပင်(၁၂)ပင်တွင် (၅၀)ကျော်တွေ့ပါက (သို့မဟုတ်) ဒုတိယ အဆင့် ပိုးးလောက်ကောင် အပင်(၁၂)ပင်တွင် (၃၀)ကျော်တွေ့ပါက ဒိုင်ယာဇီနွန် (Diazinon 500cc/acre)၊ ဖန်သိုအိတ်(Phenthoate 500cc/acre)ဖြင့် ပက်ဖြန်း ကာကွယ်နိုင်သည်။

ကိုးကား- DOA


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်