ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ

10/12/2020 21:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

၁။ ပင်စည်ထိုးယင် (Stem fly: Atherigona orientalis)

ဖျက်ဆီးပုံလက္ခဏာများ

ယင်ကောင်သည် ငယ်ရွယ်ကြီးထွားနေသော ရွက်ညွန့်များကို စားသောက်ပြီး “အူပုပ်ခြင်း” ကိုဖြစ်စေသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာ

အရွယ်ရောက်ကောင် - မီးခိုးရောင်ရှိသော ယင်ကောင်ငယ်ဖြစ်သည်။ 

ကာကွယ်နှိမ်နင်းခြင်း

ရိတ်သိမ်းပြီးမကြာမီ ထယ်ထိုးပြီး ရိုးပြတ်များကို ဖယ်ရှားဖျက်ဆီးပါ။ 

မိမိစိုက်ခင်းပတ်လည်က ပြောင်းဖူးခင်းများနှင့် တစ်ပြိုင်တည်းစိုက်ပါ။

အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။  

ဒိုင်မီသိုအိတ်  (Dimethoate)

အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

အဆီတာမီပရစ်ဒ် (Acetamiprid)

၂။ ပင်စည်ထိုးပိုး (Stem borer: Chilo partellus)

ဖျက်ဆီးပုံလက္ခဏာများ

လောက်ကောင်များသည် အလယ်အူရိုးကို ထိုးဖောက်ဝင်ရောက်ပြီး “အူပုပ်ခြင်း” ကိုဖြစ်စေသည်။ 

အတွင်းပိုင်းကို စားသောက်ခြင်းကြောင့်ဗဟိုအညွန့်များ ညှိုးနွမ်းသွားသည်။  

လောက်ကောင်ငယ်သည် နူးညံ့သော ရွက်ခေါက်အား စားသောက်ပြီး အတွေ့ရများသော “အညွန့်ဟောင်းလောင်းပေါက်” လက္ခဏာကို ဖြစ်စေသည်။ 

ဖျက်ဆီးပုံလက္ခဏာများ 

လောက်ကောင်သည် ပြောင်းဖူးမြိတ်စနှင့် ဖွံ့ဖြိုးကြီးထွားလာသော အစေ့များကို စားသောက်သည်။  

ဖျက်ပိုး၏ဝိသေသလက္ခဏာ

ဥ - ပုံသဏ္ဍာန်အားဖြင့် စက်လုံးပုံရှိကာ အရောင်အားဖြင့် နို့နှစ်ဖြူရောင်ရှိသည်။ 

လောက်ကောင် - အစိမ်းရောင်သန်းသည့်အရောင်မှ အညိုရောင်အထိ အရောင်ကွဲပြား သည်။ 

အရှည်လိုက်အဖြူရောင် အရေးကြောင်းများနှင့်အတူ ကိုယ်ခန္ဓာပေါ်တွင် ညိုရင့်ရောင် အရေးကြောင်းများပါရှိသည်။ 

ရုပ်ဖုံး - အညိုရောင်ရှိပြီး မြေကြီး၊ အရွက်၊ ပြောင်းဖူးနှင့် သီးနှံအကြွင်းအကျန်များတွင် တွေ့ရသည်။ 

အရွယ်ရောက်ကောင် - ခရမ်းနုညိုရောင်သန်းပြီး တုပ်ခိုင်သည့် အဝါရောင်ဖလံဖြစ်သည်။ 

ရှေ့တောင်ပံများသည် သံလွင်စိမ်းရောင်မှ ခရမ်းညိုရောင်ရှိပြီး အလယ်တွင် ညိုရင့်ရောင်စက်ဝိုင်းပုံ အစက်ပါရှိသည်။ နောက်တောင်ပံများသည် မီးခိုးဖြူဖျော့ရောင်ရှိပြီး အပြင်ဖက် အနားသားတွင် အနက်ရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

စိုက်ခင်းပတ်လည် ပင်စိမ်းပင်များစိုက်ပေးပါ။ 

အလင်းရောင်ထောင်ချောက်များကို တပ်ဆင်ပါ။ 

တစ်ဧကလျှင် ဖီရိုမုန်းထောင်ချောက် (၅) ခုနှုန်း တပ်ဆင်ပါ။ 

စိုက်ပြီး ၃၃ - ၃၅ ရက်အတွင်း ၃ - ၄ရက်ခြားတစ်ခါ ထရိုင်ဂိုဂရားများနဂျီ လွှတ်ပေးပါ။

ပြောင်းဖူးမဟုတ်သောအခြားသီးနှံတစ်မျိုးမျိုးနှင့် သီးလှည့်စိုက်ပါ။ 

အောက်ပါပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။  

ဒိုင်မီသိုအိတ် (Dimethoate)

အင်မီဒါကဘိုပရစ်ဒ် (Imidacloprid)

အဆီဖိတ် (Acephate)

၃။ ပြောင်းဖူးစားကြမ်းပိုး (Ear head bug: Calocoris angustatus) ဖျက်ဆီးပုံလက္ခဏာ

ပြောင်းဖူးစေ့များ နို့ရည်ထွက်သည့်အဆင့်တွင် အစေ့များအတွင်းမှ ရုပ်ဖုံးများနှင့် အရွယ်ရောက်ကောင်သည် နို့ရည်များကို စုပ်ယူသည်။  

အစေ့များ တွန့်ရှုံ့သွားပြီး အနက်ရောင်ပြောင်းသွားကာ အဆန်မပြည့်ဖြစ်သွားသည် (သို့မဟုတ်) အခွံသာကျန်တော့သည်။ 

ပြောင်းဖူးတွင် လိမ္မော်ရောင်နှင့် စိမ်းနုရောင် အကောင်ငယ်များနှင့် ကောင်ကြီးများကို တွေ့ရသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာ 

ဥ -  အပြာရောင် ဆေးပြင်းလိပ်ပုံသဏ္ဍာန်ရှိကာ ပန်းပွင့်ငယ်များအောက် သို့မဟုတ် ပန်းပွင့်များအလယ်တွင် အုသည်။ 

ရုပ်ဖုံး - သေးသွယ်ပြီး အစိမ်းရောင်ရှိသည်။ 

အရွယ်ရောက်ကောင် - အထီးသည် အစိမ်းရောင်ရှိသည်။ အမသည် အညိုရောင်အနားသားနှင့်အတူ အစိမ်းရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။  

အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

အဆီဖိတ် (Acephate)

တမာကြိတ်ဖတ်စစ်ကျရည် ၅% 

အဇာဒီရက်ခ်တင် ၁% 

၄။ မီးခိုးပြာရောင်ကျိုင်း (Ash weevil: Myllocerus sp.)

ဖျက်ဆီးပုံလက္ခဏာများ

လောက်ကောင်သည် မြစ်ပွားများကို စားသောက်ပြီး အရွက်ရောက်ကောင်များသည် အရွက်များကို စားသောက်သည်။  

ဖျက်ပိုး၏ဝိသေသလက္ခဏာ

အရွယ်ရောက်ကောင် - မီးခိုးရောင်ရှိသော ကျိုင်းကောင်ဖြစ်သည်။  

ကာကွယ်နှိမ်နင်းခြင်း

အောက်ပါပိုးသတ်ဆေးများအနက်တစ်ခုခုကို ပက်ဖျန်းပါ။  

ကာဘာရိုင်းလ် (Carbaryl) 

လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda –cyhalothrin)

၅။ ရွက်စားဖြုတ်ပိုး ( Leafhopper:  Pyrilla perpusilla)

ဖျက်ဆီးပုံလက္ခဏာများ

အရွက်များ အဝါရောင်ပြောင်းလာသည်။ 

ကြပ်ခိုးမှုများဖြင့် ဖုံးလွှမ်းနေသည်။ 

ထိပ်ရွက်များခြောက်လာပြီး ဘေးဖူးများ အညှောင့်ပေါက်လာသည်။ 

ဖျက်ပိုး၏ ဝိသေသလက္ခဏာ

အကောင်ငယ် - နူးညံ့သောကိုယ်ခန္ဓာရှိသည်။ ကျောဖက်အားဖြင့် ညိုနုရောင်ရှိပြီး ဝမ်းဗိုက်ပိုင်းတွင် လိမ္မော်နုရောင်ရှိသည်။ 

အရွယ်ရောက်ကောင် - ကောက်ရိုးရောင်ရှိပြီး ဦးခေါင်းသည် နှာတံကဲ့သို့ ချွန်ထွက်နေသည်။ 

ကာကွယ်နှိမ်နင်းခြင်း

နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ 

အလင်းရောင်ထောင်ချောက် တပ်ဆင်ပါ။ 

အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

မာလာသီယွန် (Malathion)

အဆီတာမီပရစ်ဒ် (Acetamiprid)

၆။ ပျပိုး (Aphid or Plant lice: Rhopalosiphum maidis)

ဖျက်ဆီးပုံလက္ခဏာများ

အရွက်များဝါခြင်း

ဗဟိုရွက်အုံတွင် ပျပိုးအမြုံလိုက်ကို တွေ့ရသည်။

ဖျက်ပိုး၏ဝိသေသလက္ခဏာ

စိမ်းရင့်ရောင်ခြေထောင်များရှိပြီး ကိုယ်ခန္ဓာ အဝါရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။

အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

အဆီဖိတ် (Acephate)

၇။ ညွန့်ဖူးစားကြမ်းပိုး (Shoot bug: Peregrinus maidis)

ဖျက်ဆီးပုံလက္ခဏာများ

အပင်များ ပုသွားပြီး ဝါသွားကြသည်။ 

အရွက်များထိပ်မှအောက်သို့ ညှိုးနွမ်းသွားကြသည်။ 

ပန်းခိုင်ထွက်ခြင်းကို ဟန့်တားခံရပြီး ဆိုးဝါးစွာတိုက်ခိုက်ခံရပါက အပင်များ သေသွား ကြသည်။ 

ကြမ်းပိုးစစ်ထုတ်သော ပျားရည်ချိုးသည် အရွက်များတွင် ကြပ်ခိုးမှိုကို ဖြစ်စေသည်။

ဖျက်ပိုး၏ဝိသေသလက္ခဏာ

ဥ - အရွက်တစ်ရှုးအတွင်းတွင် အုပြီး အဖြူရောင်ဖယောင်းပစ္စည်းဖြင့် ဖုံးထားသည်။ 

အရွယ်ရောက်ကောင် - အလင်းဖောက်နိုင်သော တောင်ပံများရှိပြီး ကိုယ်ခန္ဓာ ဝါညိုရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း ပက်ဖျန်းပါ။ 

ဒိုင်မီသိုအိတ် (Dimethoate) 

ဒိုင်နိုတီဖျူရမ် (Dinitefuran)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများဆောင်းပါးကို KMSS အဖွဲ့က ကူညီပံ့ပိုးထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်