COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

14/09/2020 15:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁၄-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၃:၃၀) နာရီ

၁။ ယမန်နေ့ (၁၃-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။၂။ မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆) ဦး ရှိပြီဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်