စင်​ကာ​ပူ​နိုင်​ငံ ​တ​နိုင်​ငံ​စာ​ရှိ​တဲ့ရေ​ခဲ​ပြင်​ကြီး ​အ​န္တာ​တိ​က​တိုက်​မှ ​ကွဲ​ထွက်​လာ

16/01/2018 17:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

​အ​ရှည် ၂၁ ​မိုင်၊ ​အ​ကျယ် ၁၂ ​မိုင်​ရှိ​တဲ့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​အ​န္တာ​တိ​က​တိုက် ​ပိုင်း​အိုင်​လန် ​ပင်​လယ်​ကွေ့​က​နေ ​ကွဲ​ထွက်​လာ​တဲ့​ပုံ​တွေ​ကို ​အ​မေ​ရိ​ကန် ​အ​မျိုး​သား​အာ​ကာ​သ​အေ​ဂျင်​စီ (​နာ​ဆာ)​က ​နိုဝင်​ဘာ​လ ၂၄ ​ရက်​နေ့​က ​ပြ​သ​ခဲ့​တယ်။ ​ရေ​ခဲ​ပြင်​ကြီး ​မ​ကွဲ​ထွက်​ခင်​က​ပုံ​တွေ​နဲ့ ​ကွဲ​ထွက်​လာ​ပြီး ​အာ​ကာ​သ​ဓာတ်​ပုံ​တွေ​ကို ​ပြ​သ​ခဲ့​ပါ​တယ်။ ​ဒီ​အက်​ကွဲ​မှု​ကို ၂၀၁၁ ​ခု​နှစ် ​အောက်​တို​ဘာ​လ​က​တည်း​က ​နာ​ဆာ​ရဲ့ “​အော်​ပ​ရေး​ရှင်း ​အိုင့်​စ်​ဘ​ရစ်​ချ်” ​အ​ဖွဲ့​က ​သ​တိ​ထား​မိ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။ ၂၀၁၃ ​ဇူ​လိုင်​လ​ပုံ​တွေ​မှာ​တော့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​သိ​သိ​သာ​သာ ​ကွဲ​ထွက်​လာ​ခဲ့​ပါ​တယ်။ ​အ​ခု​အ​ချိန်​မှာ ​ဘီ-၃၁ ​လို့​ခေါ်​တဲ့ ​ရေ​ခဲ​ပြင်​ကြီး​ဟာ ​ကုန်း​မြေ​က​နေ ​သပ်​သပ်​ကွဲ​ထွက်​လာ​ပြီး ေ​ရွွှှ့​လျား​နေ​ပါ​တယ်။ ​သိ​ပ္ပံ​ပ​ညာ​ရှင်​တ​စု​ဟာ ​စ​တု​ရန်း​ကီ​လို​မီ​တာ ၇၀၀ ​ရှိ​တဲ့ ​ဒီ​ရေ​ခဲ​ပြင်​ကြီး ​ဘယ်​အ​ရပ် ​မျက်​နှာ​ဘက်​ကို ေ​ရွ့​လျား​မယ်​ဆို​တာ ​ဂြိုလ်​တု​က ​ပေး​တဲ့​အ​ချက်​အ​လက်​အ​တွေ​နဲ့ ​လိုက်​လံ ​တွက်​ချက်​နေ​ကြ​ပါ​တယ်။

Ref: DVB


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်