နိုင်ငံတကာနဲ့ ဒေသတွင်း ထောပတ်သီးဝယ်လိုအား တဟုန်ထိုး တိုးတက်လာမှုက နယူးဇီလန်မှာ ခိုးယူမှုတွေပျံ့နှံ့ဖြစ်ပွားစေပြီး မှောင်ခိုစျေးကွက်တွေ ဖြစ်ပေါ်စေပါတယ်။ အခုချိန်ထိ ခိုးမှုတစ်ကြိမ်ဖြစ်တိုင်း ထောပတ်သီး အလုံးရေ ၃၅၀ လုံးအခိုးခံရပြီး ထောပတ်သီးခြံကနေ ခိုးယူသူ အယောက် ၄၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ထောပတ်ထွက်နှုန်း ကျဆင်းပြီးနောက် လတ်တလောအချိန်မှာ နယူးဇီလန်နိုင်ငံတစ်ခုလုံးမှာ ထောပတ်သီးတွေ ဒေါ်လာ ၄-၆ (ယူရို ၂-၃) ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။
နယူးဇီလန်နိုင်ငံထောပတ်သီးစျေးကွက်မန်နေဂျာ Bevan Jelley က လူတွေ သစ်သီးခြံဆီ ပစ္စည်းသယ်ကားတွေနဲ့ မောင်းထွက်သွားကြပြီး အပြန်မှာ အသီးတွေ အပြည့်တင်ဆောင်လာကြကြောင်း။ သစ်သီးခြံစိုက်သူတွေဟာ ဝင်မစီးလိုက်နိုင်မီ ခြံထဲမှာ သူခိုးတွေ ခူးထားတဲ့ ထောပတ်သီးအပုံလိုက်နဲ့အတူ စောင်တွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
သွားလာလှုပ်ရှားပြီး သောင်းကျန်းနေတဲ့ သူခိုးများစွာ ရှိပါတယ်။ အခိုးခံရတဲ့ထောပတ်သီးတွေဟာ အများအားဖြင့် တုတ်နဲ့ ချိန်ထိုးရိုက်ချခံရခြင်းကြောင့် ၃-၄ စင်တီမီတာရှည် ညာတံတွေနဲ့အတူ ရောင်းချနိုင်ဖွယ် ပိုများပါတယ်။
ဒီအခိုးခံရတဲ့ ထောပတ်သီးတွေ အန္တရာယ်ရှိနိုင်ပါတယ်။ မမှည့်သေးတဲ့ဟာတွေဖြစ်ပြီး အချို့ဆို လောလောလတ်လတ် ဆေးဖျန်းထားတာမို့ အရေပြားကို အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းလဲ ဆိုပါတယ်။
Ref: Independent
မူရင်း - Trend Myanmar