မြို့နယ်(၃)မြို့နယ်ကို သီးနှံအာမခံစနစ် စမ်းသပ်ဖော်ဆောင်နေ

07/08/2019 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြို့နယ်(၃)မြို့နယ်ကို သီးနှံအာမခံစနစ် စမ်းသပ်ဖော်ဆောင်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်ကို သီးနှံအာမခံစနစ် စမ်းသပ်ဖော်ဆောင်နေ ကြောင်း Global World Insuranceကုမ္ပဏီ မှသိရပါတယ်။ ဒုတိယနှစ်အတွက် သီးနှံအာမခံစနစ်ကို မြို့နယ်(၃) မြို့နယ်မှာ လုပ်ဆောင်နေပြီး ဧက(၃၀၀) ဖော် ဆောင်သွားမှာဖြစ်တယ်လို့ Global World Insuranceကုမ္ပဏီ မှဒါရိုက်တာဦးစိုးဝင်းသန့်ကပြော ပါတယ်။

“ဧရာဝတီတိုင်းကမြို့နယ်(၃)မြို့နယ်ကို ဒီနှစ်အတွက်လက်သင့်ခံပေးနေပါတယ်။ တစ်မြို့နယ် ဧက (၁၀၀)စီနဲ့ ဧက(၃၀၀)ဖော်ဆောင်ပေးနေပါတယ်။ ကွင်းဆင်းနေတယ်။ဟင်္သာတကို ဒီတစ်ပတ်ထဲမှာ စပြီးလက်သင့်ခံနေပါပြီ။ စပါးတစ်မျိုးကိုပဲလုပ်ဆောင် နေတာပါ” ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတ ၊ ပုသိမ် နဲ့ လပွတ္တာမြို့နယ်တို့ကို ယခုနှစ်မှာစမ်းသပ် ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ယခုနှစ်အတွင်းမှာ ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးကို သီးနှံအာမခံစနစ်ဖော် ဆောင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း Global World Insuranceကုမ္ပဏီမှသိရပါတယ်။

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်