ကရဝေး(Caraway – Carum carvi)

07/02/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကရဝေးပင်သည် နှစ်ချင်းစား သို့မဟုတ် ၂ နှစ်ခံပင်ဖြစ်ပြီး အစေ့၊ အရွက်နှင့် အမြစ်တို့ကို စားသုံးရသည်။ အပင်အမြင့် ၁၂ – ၁၈ လက်မ နှင့် အကျယ် ၁၈ လက်မရှိသည်။ ကရဝေးပင်သည် ရေခဲအမှတ်အောက် ၂၀ ဒီဂရီ ဖာရင်ဟိုက်မှ အပူချိန် ၄၀ ဒီဂရီ ဖာရင်ဟိုက် အထိ ဖြစ်ထွန်းသည်။

ခါကျက်ဥမျိုးရင်းဝင် သီးနံများကဲ့သို့ ကရဝေးပင်သည် ပျော့ပြောင်းရိုးတံပေါ်တွင် ချောမွတ်သော အရွက်များရှိသည်။ အဖြူရောင်အပွင့်များသည် မျက်နှာပြင်ညီနေသော ပန်းပွင့်အုံပေါ်တွင် ရှိသည်။ အမြောင်းကလေးများပါသော လေးပုံ ပုံ ၁ပုံ (/) လက်မရှည်သည့် လခြမ်းပုံရှိ အညိုရောင် အသီးများကို အစေ့ဟု ခေါ်ဝေါ်ကြသည်။ ကရဝေးကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဘက်ဝင်သီးနှံအဖြစ် သုံးစွဲခဲ့ကြသည်။

ကရဝေးကို ပေါင်မုန့်၊ ကိတ်၊ ကူကီ၊ အရည်သောက်ဟင်း၊ ဆော့စ်၊ အသားပေါင်း၊ ဝက်၊ အမဲ၊ ဘဲ၊ ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်အချဥ်တည်ထားသော ဟင်းသီးဟင်းရွက်၊ ချိစ်၊ ဥ၊ နှံစားသီးနှံအစေ့များ၊ ပန်းသီးနှင့် ချိုပြင်းအရက်တို့တွင် သုံးစွဲကြသည်။ အရွက်နုသည် သစ်သီး ဟင်းရွက်အသုပ်များ၊ ဟင်းသီးဟင်းရွက်၊ ချိစ်နှင့်ထောပတ်တို့တွင် ထည့်၍ စားလျှင် အရသာရှိသည်။ အမြစ်ကို ဟင်းသီးဟင်းရွက်ကဲ့သို့ စားကြသည်။

စိုက်ပျိုးခြင်း

နွေဦးပေါက်အစောပိုင်းတွင်ဖြစ်စေ၊ ဆောင်းရာသီတွင်ဖြစ်စေ၊ အစေ့ကို မြေချစိုက်ပျိုးနိုင်သည်။ နေရောင်ခြည်အပြည့်အဝ ရရှိသောနေရာ၊ ထယ်ရေးနက်နက်နှင့် ရေထုတ်အားကောင်းသော မြေကွက်တွင် စိုက်ပျိုးရသည်။ ကရဝေးပင်ကို ၈လက်မ ခြားချန်၍ သားခွဲရသည်။ ဆောင်းရာသီတွင် ကောက်ရိုး ဖုံးအုပ်ပေးရသည်။

ရိတ်သိမ်းခြင်း

အရွက်နုများကို လိုအပ်သလိုဆွတ်ခူးရသည်။ အစေ့အုံကိုမူ အညိုရောင်သန်းလာမှ ဆွတ်ခူးရသည်။ ၎င်းတို့ကို အခြောက်လှန်း၍ သိမ်းထားနိုင်သည်။ အစေ့များကို ရိတ်သိမ်းပြီးနောက် ဆောင်းဦးပေါက်တွင် အမြစ်များကို တူးဖော် သိမ်းဆည်းရသည်။

ပိုးမွှားရောဂါ

ပိုးမွှားရောဂါ အနည်းငယ်သာ ကျရောက်တတ်သည်။

အာဟာရဓါတ်

ဥတုဘောဇနကျမ်းအလိုအရ ကရဝေးပင်သည် လေသလိပ်ကို နိုင်၏။ နှုတ်ကို မြိန်စေတတ်၏။ မြင်းသရိုတ်နာ၊ ရင်ပြည့်နာ၊ ပျို့သည့်အနာတို့ကို နိုင်၏။ ဓာတုရသကျမ်းအလိုအရ ကရဝေးရွက်၊ ကရဝေးသီးတို့သည် သွေး၊ လေ၊ သလိပ်တို့ကို လည်းကောင်း၊ ချောင်းဆိုးကုတ်ဟီးနားကိုလည်းကောင်း၊ဝမ်းကျခြင်းကိုလည်းကောင်းနိုင်၏။

ဒေါက်တာချစ် ရေးသားသော  စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ() စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်