ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ကောက်ရိုးမှို စိုက်ပျိုးရေးတွင် လယ်ယာထွက်ကုန်နှင့် အခြား စွန့်ပစ်ပစ္စည်းများဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်၍ မိသားစု အားလပ်ချိန် အပိုဝင်ငွေ ရှာနိုင်သည်။ (က) လိုအပ်သော ကုန်ကြမ်းများမှာ - (၁) လုံးဝ ခြောက်သွေ့သော ကောက်ရိုး၊ ရိုးပြတ်၊ ဖြည့်စွက်အစာ ဗေဒါ၊ ငှက်ပျောရွက်/ပင်စည်၊ ပဲပင်အမျိုးမျိုး။ (၂) မြင်းချေး၊ နွားချေး၊ ကျွဲချေး၊ အခြောက်မှုန့်နှင့် ဖွဲနု အနည်းငယ်။

(က) လိုအပ်သော ပစ္စည်းများ

အလျား (၄)ပေ၊ အောက်ခြေ အကျယ် (၁ပေခွဲ)၊ အပေါ် အကျယ် (၁) ပေ၊ အမြင့် (၁ပေခွဲ) ရှိ လေးထောင့်။

(ခ) စိုက်ပျိုးခြင်း

ညီညာသော သင့်တင်သော လေဝင် လေထွက်နှင့် အလင်းရောင်ရှိသော နေရာတွင် သန့်ရှင်းပြီး ထုံးဖြူး၍ ပုံစံခွက်ကို ချပါ။

(ဂ) ရေစိမ်ရန်

 

- ရေစိမ်ထားသော နူးညံ့ပျော့ပျောင်းသည့် ကောက်ရိုးကို လက်တဝါး အထူရအောင် ဇလားခွက်အတွင်း ဖြန့်ခင်းပါ။ လက်ဖြင့် ဖိပါ။

- ပထမ ဖြန့်ခင်းထားသော ကောက်ရိုးလွှာ ပတ်လည်တွင် အကျယ် ၃ လက်မခန့် ဖြည့်စွက်စွာ ခပ်ပါးပါး ဖြူးပါ။

(ဃ) ဖြည့်စွက်စာ

- ဗေဒါ၊ ငှက်ပျောရွက်ခြောက် (၃) ပြည်

- မြင်းချေး၊ နွားချေးခြောက် (၁) ပြည်

- ဖွဲနု (နို့ဆီဘူး) (၃) ဘူး

ရောမွှေ- ရေဖြန်းထားပါ။

(င) ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ဖြည့်စွက်စာပေါ်တွင် မှိုမျိုးပါးပါး အပေါ်မှ ကောက်ရိုး နောက်တစ်လွှာ ခင်း၍ ဖိပါ။

၂။ တစ်ပုံလျှင် ၅/၆ လွှာ စိုက်ပြီး။ ပြီးလျှင် ဇယားခွက်ကို မ ချွတ်ပါ။

၃။ မှိုမျိုးတစ်ထုပ်လျှင် တစ်ပုံနှုန်းဖြင့် တစ်ပုံနှင့် တစ်ပုံကြား (၆-၁၀) လက်မခန့်ခွာ၍ ၅ ပုံခန့် စိုက်ပါ။ ပြီးလျှင် ပလပ်စတစ်ဖြင့် စိုက်ပုံတန်းကို လုံခြုံအောင် အုပ်ထားပါ။

၄။ (၄) ရက်ခန့် ဆက်၍ အုပ်ထားပြီးနောက် ကျန်ရက်များတွင် နံနက်၊ ညနေ (၂) ကြိမ်ခန့် ပလပ်စတစ်လုပ်၍ ချွေးခါပါ။ (၁၂) ရက် ကြာလျှင် စိုက်ပုံများမှ ကောက်ရိုးမှိုများ ဆွတ်ခူး ရရှိပါမည်။

၅။ ဒေသအလိုက် စိုက်ပျိုးနည်းပေါင်း များစွာရှိ၍ ဇယားပုံ စိုက်နည်းမှာ ဒေသမရွေး တစ်နှစ်လုံး အထွက်နှုန်း တည်ငြိမ် ကောင်းမွန်သော စိုက်နည်းစနစ်ဖြစ်ကြောင်း စမ်းသပ် တွေ့ရှိရပါသည်။ (လက်တွေ့ သုတေသနပြု စမ်းသပ်ပြီး ဖြစ်သည်။)

၆။ ခြောက်သွေ့သော ဗေဒါ၊ ငှက်ပျောရွက်၊ ကြံကြိတ်ဖိတ်၊ လဲမှို့အူတိုင်၊ ပဲပင်ခြောက်၊ နေကြာ၊ ဝါစေခွံ့၊ စက္ကူပျော့ဖတ်၊ အခြား ဆွေးမြေ့လွယ်သော ကုန်ကြမ်းပစ္စည်းများ အသုံးပြု စိုက်ပျိုးနိုင်ပါသည်။

သတိပြုရန် အချက်မှာ- ကောက်ရိုးမှို စိုက်ပျိုးနည်းမှာ နည်းပညာပါသော စိုက်ပျိုးနည်းဖြစ်ပြီး မျိုး၊ ကုန်ကြမ်း၊ စိုက်ပျိုးပုံ၊ ပြုစု ထိန်းသိမ်းခြင်းတို့ကို ရာသီ သဘာဝနှင့် မျှတအောင် စီစဉ်နိုင်ရန် အရေးကြီးပါသည်။

(စ) ကောက်ရိုးမှိုတွင် ပါဝင်သော အာဟာရဓာတ်များ

 

ဗီတာမင် (ဘီ) (စီ) တို့နှင့် အခြား သတ္တု (၁ဝ) မျိုးခန့် ပါဝင်ပါသည်။ ထို့ကြောင့် မှိုသည် အခြားသီးနှံတို့ထက် အာဟာရဓာတ် ပိုမို ပြည့်ဝသည်။

(ဆ) ပြုစုခြင်း

·         စိုက်ပျိုးပြီး (၅-၆ ရက်) မြောက်နေ့တွင် မှိုပုံကို ပလပ်စတစ်ဖွင့်ပြီး မှိုအားဆေး (၁) ထုပ်ကို ရေ (၄- ဂါလန်)ပုံး (၁-ပုံး)နှင့် ဖျော်ကာ နေရာအနှံ့ ဖြန်းပါ။ မှိုပုံခြောက်လာပါက ရေပိုလောင်းရပါမည်။

·         (၇) ရက် (၈)ရက် မြောက်ခန့်တွင် မှိုပုံမျက်နှာပြင် တစ်ပြင်လုံးတွင် သေးငယ်သော မှိုသန္ဓေခဲများကို မြင်တွေ့ရပါမည်။

·         မှိုသန္ဓေခဲများ မြင်ရသောအခါ မှိုပုံ၏ တစ်ဖက်ထိပ် ပလပ်စတစ် တင်ထား၍ သက်ကယ်၊ ကောက်ရိုးကို ကျဲကျဲကာ ထားရပါမည်။ ထိုအခြေအနေတွင် မှိုပုံရေခြောက်နေပါက ရေမှုံ၊ ရေမွှားအဖြစ် (၁-ပုံး)ခန့် လောင်းနိုင်ပါသည်။ များလွန်းပါက မှိုဥ ထိခိုက်နိုင်ပါသည်။

·         (၄-၅) ရက် အတွင်း ဆွတ်ခူးနိုင်သော မှိုဥအဆင့်သို့ ရောက်ပါသည်။

·         (၄-၅) ရက်ခန့်တွင် မှိုခူးရပါသည်။

·         မှိုခူးစဉ်မှာ သားစများ၊ မကျန်ရပါ။ ပထမအကြိမ် ထွက်လာသော မှိုများအားလုံးကို ခူး၍ ကုန်ပါက မှိုအားဆေး (၁-ထုပ်)နှင့် အပုံ အစို/အခြောက် အနေအထားကြည့်၍ ရေ( ၁-၂)ပုံးခန့် လောင်းပါ။

·         နောက် (၃-၄) ရက်ကြာလျှင် ဒုတိယအကြိမ် မှိုသန္ဓေခဲ ထွက်ပါသည်။ ၎င်းဒုတိယအကြိမ် မှိုများခူးပြီးပါက မှိုအားဆေး (၁-ထုပ်)ကို ရေဖျော် ဖြန်းပါ။ တတိယအကြိမ် မှိုထပ်ထွက်ပါသည်။ အားဆေးဖြန်းပြီးတိုင်း ပလပ်စတစ် ပြန်အုပ်ရမည်။

·         မှိုပုံသက်တမ်း (၂၆ ရက်) (သို့မဟုတ်) (၁-လ) အတွင်း စုစုပေါင်း မှို (၅- ပိဿ) မှ (၁၀-ပိဿ) ရရှိနိုင်ပါသည်။

 

ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်