အားအလွန်ကောင်းသောဆိုင်ကလုန်း FANI သတင်းထုတ်ပြန်ချက်

30/04/2019 19:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မုန်တိုင်းသတင်း

(၃၀-၄-၂၀၁၉)ရက် ည နေ (၅း၅၀) အချိန်ထုတ်ပြန်ချက်။

လွန်ခဲ့သော(၆)နာရီအတွင်းက ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အနောက်မြောက်ဖက်သို့ 11 Knots( 13 mph) နှုန်းဖြင့် ရွေ့လျှားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ အ နောက်တောင်ဖက်ယွန်းယွန်း 612 Km အကွာ ပင်လယ်ပြင်ကိုရောက်ရှိနေပါတယ်။

(၃၀-၄-၂၀၁၉)ရက် ည နေ(၀၃း၃၀)နာရီအချိန်တိုင်းတာချက်အရ မုန်တိုင်း ကြီးဟာ Lat:12.8°N, Long.:85.5°E တွင် ဗဟိုပြုနေပြီး၊ ဗဟိုချက်အနီး အ များဆုံးလေတိုက်နှုန်းမှာ 90 Knots (104 mph) ခန့်ရှိနေပါတယ်။

နောက်(၂၄)နာရီအကြာတွင် မုန်တိုင်းကြီးသည် မြောက်ဖက်သို့ ထိုမှတဆင့် အရှေ့မြောက်ဖက်သို့ ဦးတည်ကာရွေ့လျှားသွားနိုင်ပါတယ်။

မုန်တိုင်းကြီးသည် အရှေ့မြောက်ဖက်သို့ သွားစဉ် အရှိန်ပိုမြန်လာကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ကမ်းရိုးအတိုင်းရွေ့လျှားလာကာ၊ နောက်(၈၄)နာရီခန့်အကြာတွင် ကာလကတ္တားမြို့ရဲ့ အနောက်တောင်ဖက်ကမ်းခြေကိုဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက် သွားမယ်လို့ခန့်မှန်းရပါတယ်။

ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် ၊ ကုန်းတွင်း တွင် နောက်ထပ်(၄၈)နာရီ ခန့်ကြာမျှ မုန်တိုင်းကြီးဟာ ဆက်လက် ပိုမိုအားကောင်းနေနိုင်ပြီး၊ နောက်ပိုင်းတွင် လျင်မြန်စွာ အားပျော့သွားမယ်လို့ခန့်မှန်းရပါတယ်။

(၃၀-၄-၂၀၁၉)ရက် ညသန်းကေင်ယံအချိန်မှစတင်ကာ (၃-၅-၂၀၁၉)ရက် နေ့လည်ပိုင်းအချိန်အထိ လေတိုက်နှုန်း 100 Knots (115 mph) အထက် ကျော်လွန်အောင်တိုက်ခတ်နိုင်ပြီး၊ အများဆုံးလေတိုက်နှုန်းမှာ 115 Knots(132 mph) နှုန်း နဲ့ လေပုန်းတိုက်ခတ်မှု 140 Knots (161 mph) အထိ ရှိနိုင်ပါတယ်။ မုန်တိုင်းဒီရေအမြင့် (၂၈)ပေခန့်အထိ တက်နိုင်ပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဖြင့် အရှေ့မြောက်ဖက်သို့ဦးတည်ရွေ့လျှားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများ (ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မ ကေွးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်) တွင် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း( တစ်နာရီ ၃၀-၄၀ မိုင်နှုန်းခန့်) နဲ့ နေရာကျဲကျဲမှစိပ်စိပ် မိုးရွာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

သတင်းရင်းမြစ် - ဒေါက်တာထွန်းလွင်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်