အောက်တိုဘာ (၆) ရက်နေ့ စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက် စုစည်းမှု

06/10/2021 09:22 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား
 🕜 နေ့လည် ၂:၄၀ အချိန် ခန့်မှန်းချက်
နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း ထိုင်းပင်လယ်ကွေ့မှ tropical low cell များ ကပ္ပလီပင်လယ်အတွင်းကို ရောက်ရှိလာပါတော့မယ်။ တနင်္သာရီတိုင်းတောင်ပိုင်း မိုးကြီးနိုင်ပါတယ်။ ပင်လယ်အတွင်းသွားရောက်ခြင်းမလုပ်ကြပါနဲ့။
မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်းတွေမှာ မိုးရွာမှာဖြစ်ပါတယ်။ ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေ မပျက်စီးကြရလေအောင် စီမံဆောင်ရွက်ကြပါ။
 
 🕜 နေ့လည် ၁၂:၄၂ အချိန် ခန့်မှန်းချက်
ရိတ်သိမ်းအခြောက်လမ်းနေသူတွေ သတိ - ၂၄နာရီအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း မိုးကြီးနိုင်ပါတယ်။
 
🕜 နံနက် ၇:၄၇ အချိန် ခန့်မှန်းချက်
    ၂၀၂၁ အောက်တိုဘာလ ၁၂ ရက် ၁၃ ရက်၁၄ ရက်နေ့တွေမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတိုင်းတွေမှာ မိုးရွာပါမယ်အတိအကျပါ။ စပါးရိတ်သိမ်းအခြောက်လှမ်းနေသူတွေ မိုးအန္တရာယ်ရှိပါတယ်။
𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧

CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်