ပဲဈေးနှုန်းအနည်းငယ်ကျဆင်း

25/07/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုတစ်ပတ်အတွင်း ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

အခုတစ်ပတ်အတွင်း ဝယ်လိုအားတည်ငြိမ်နေတဲ့အတွက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

“ ပဲဈေးတွေက အရင်တစ်ပတ်က ဝယ်လိုအားတက်လာတော့ ဈေးရတယ်။ အခုလက်ရှိကတော့ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်။ တစ်တန်ကို ကျပ်၂၀၀၀၀ ဝန်းကျင်လောက်ကျဆင်းလာပါတယ်”

မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ပြီး ပုံမှန်ဝယ်ယူမှုများရှိနေကြောင်း လည်း အဆိုပါအသင်းမှ သိရပါတယ်။

ယခင်တစ်ပတ်က မတ်ပဲတစ်တန်ကို ၈၀၅၀၀၀ ကျပ်ရှိရာမှ ၈၀၃၀၀၀ ကျပ် ကျဆင်းလာကြောင်း ပဲစဉ်းငုံတစ်တန်ကို ယခင်တစ်ပတ်က ၉၆၀၀၀၀ ကျပ်ရှိရာမှ အခုတစ်ပတ်အတွင်း ၉၄၀၀၀၀ ကျပ် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်