ပြည်ပနိုင်ငံများကို မြန်မာ့ဆန်တင်ပို့မှု တန်ချိန် (၈) သိန်းဝန်းကျင်ကျဆင်း

03/09/2019 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများကို မြန်မာ့ဆန်တင်ပို့မှုတန်ချိန် (၈)သိန်းဝန်းကျင် ကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ 

   အခုနှစ်အတွင်း မြန်မာ့ဆန်ကို နယ်စပ်လမ်းကြောင်းမှတင်ပို့မှု ကျဆင်းခဲ့တာဖြစ်တဲ့အတွက် အရင်နှစ်ကာလတူထက် တင်ပို့မှု တန်ချိန် (၈) သိန်းဝန်းကျင် ကျဆင်းခဲ့တာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကပြောပါတယ်။

   “ပင်လယ်ရေကြောင်းက တင်ပို့မှုတိုးသော်လည်း တရုတ်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲကြောင့် နယ်စပ်ကတင်ပို့မှုက လျော့နည်းသွားတာပေါ့။ ပင်လယ်ရေကြောင်းကနေ ဖိလစ်ပိုင် စျေးကွက်သစ်တွေလည်း တင်ပို့ရတယ်။ ပင်လယ်ရေကြောင်းကနေ တရုတ်ကိုတင်ပို့ဖို့ကလည်း ဆန်တန်ချိန် ကိုတာ(၁)သိန်းတော့ ရထားတော့ ပင်လယ်ရေကြောင်းကတော့တိုးတက်လာတာပေါ့”

   မြန်မာ့ဆန်ကို ပင်လယ်ရေကြောင်းမှ အာဖရိက၊ အီးယူနိုင်ငံမျာ ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှသိရပါတယ်။

   ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန်ကို သြဂုတ်လ (၂၃) ရက်နေ့ထိ ၂.၁၁၉ သန်းတင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် (၈)သိန်းဝန်းကျင် တင်ပို့မှုလျော့နည်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရသိရပါတယ်။ 

ယမင်းအေး(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်