ဈေးနှုန်း ကွာဟချက်ကြောင့် ဂျပန်နိုင်ငံမှ မြန်မာ့နှမ်း ဝယ်ယူမှုလျှော့ချ

27/11/2018 10:22 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ ဂျပန်က နိုင်ငံတကာ ပေါက်ဈေးကို ချိန်ပြီးဝယ်တယ်။ နိုင်ငံတကာဈေးနှုန်း ပေါက်ဈေးနဲ့ ယှဉ်ရင် ကျွန်မတို့နိုင်ငံဈေးက မြင့်နေတယ်။ ဈေးကွာဟသွားတော့ ဂျပန်ရဲ့ဈေးကွက်က တခြားနှမ်းစိုက်တဲ့ နိုင်ငံတွေကို ပြောင်းသွားတယ်။ တစ်ခြားနိုင်ငံက တောင်သူတွေကို စိုက်ခိုင်းတယ်။ အထွက်ကောင်းအောင် ပံ့ပိုးပေးတယ်။ ဈေးနှုန်း တည်ငြိမ်တဲ့ နိုင်ငံကိုပဲ ပြောင်းသွားကြတာပေါ့” ဟု ပဲ၊ နှမ်း ပြည်ပပို့ကုန်လုပ်ငန်းရှင် ဒေါ်မေသက်ခိုင်က ဆိုသည်။

“ ဒီနှစ် ကျွန်မတို့ရဲ့ဂျပန်ကိုတင်ပို့နိုင်တဲ့ ရာခိုင်နှုန်း လျော့ကျသွားတယ်။ တောင်သူတွေဆီက အမြဲတမ်း ကောက်ပေးနေတဲ့ ပစ္စည်းတွေဆိုတော့ ကျွန်မတို့က အခုဂျပန်ပို့ကုန် မရှိတော့တဲ့အခါမှာ မန္တလေးဈေးကွက်ကိုပဲ ပြန်ထုတ်ရောင်းနေရတယ်။ တောင်သူတွေအတွက်ကတော့ အကျိုးရှိတယ်။ ပြောရမယ်ဆိုရင် တရုတ် တစ်ခုတည်း ဈေးကွက်ရှိသွားတဲ့ သဘောဖြစ်နေတာပေါ့။ တရုတ်ကကျတော့ သူတို့လိုချင်တဲ့ အချိန်ကျမှ ဈေး မြောက်ပေးတာလေ” ဟု ဒေါ်မေသက်ခိုင်က ဆက်လက်ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်