တရုတ်နိုင်ငံကို တင်ပို့နေသည့် မြန်မာ့ဖရဲကုန်တင်ကားစီးရေဝင်ရောက်မှု ထက်ဝက်ကျော်ကျဆင်း

28/01/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ဖရဲကုန်တင်ကားစီးရေမှာ ထက်ဝက်ကျော်ကျဆင်းလာကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပေါ်နေတဲ့ အရေးပေါ်ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံမှ တင်ပို့နေတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကန့်သတ်ထားမှုများကြောင့် တရုတ်နိုင်ငံ ကိုတင်ပို့နေတဲ့ ဖရဲကုန်တင်ကားအစီးရေဝင်ရောက်မှုမှာ ထက်ဝက်ကျော်ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

အခုလိုမျိုး အစီးရေဝင်ရောက်မှု ထက်ဝက်ကျော်ကျသွားတာ တရုတ်နိုင်ငံဝူဟန်မြို့မှာ ဖြစ်နေတဲ့ အရေးပေါ်ရောဂါအခြေအနေကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်ထားတာတွေရှိနေတော့  အရင်ကပုံမှန်သွားနေတာထက် ထက်ဝက်ကျော်လောက်ကျဆင်းသွားတာပါ။ တင်ပို့နေတဲ့ဂိတ်တွေအားလုံး ဖွင့်နေပါသေးတယ်။ တင်ပို့မှုကျဆင်းသွားတာ

တရုတ်နိုင်ငံကို ဖရဲကုန်တင်ကားစီးရေမှာ ပုံမှန်အစီးရေ (၆၀၀) ကျော်ဝင်ရောက်နေခဲ့ရာမှ အခုလက်ရှိအခြေအေနများကြောင့် တင်ပို့မှုမှာ အစီးရေ (၃၀၀) ဝန်းကျင်သာ ဝင်ရောက်နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပစျေးကွက်နိုင်ငံများကိုလည်း တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်