အပြောများလာကြတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း (၁)

17/08/2020 17:00 PM တွင် Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ Ixora Home Garden -ပုံဏ္ဍရိပ်ဥယျာဉ်ခြံ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငါတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေလို့ပြောတဲ့အခါ ဖွံ့ဖြိုးတယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြတာလဲ? အကြီးကြီးဖြစ်လာတာလား။ အတက်အလက်တွေ ထွက်လာတာလား ။ချမ်းသာလာတာလား။ ဒီဆောင်းပါးလေးထဲမှာ လေ့လာမိသမျှ မျှဝေထားပါတယ်။

    ကောင်မလေးတစ်ယောက် ငယ်ငယ်လေးနဲ့ လှလှပပထောင်ထောင်မောင်းမောင်းလေးဆို သူတော်တော်ဖွံ့ဖြိုးတာမြန်တာပဲလို့ ပြောကြတယ်ဟုတ်? ဒါဆိုရင်တော့ အော်တိုမစ်တစ်နားလည်သွားကြမှာပါ။

ဒါဆို  ကျေးလက်ဒေသဖွံဖြိုးရေးဆိုတာကိုရော?

    ကျေးလက်ဒေသမှာနေထိုင်တဲ့သူရဲ့ ဘဝတွေဖွံ့ဖြိုးအောင်လုပ်တာပေါ့လေ။ အင်း... ဟုတ်ပြီ။

ဖွံ့ဖြိုးတယ်ဆိုတာ ဘာကြီးလဲ?

ဒီလိုပါ။ ကျေးရွာတစ်ခုနဲ့ ဥပမာပေးပြောရရင်

    • အိမ်ထောင်စုတွေ ပြောင်ပြောင်ယောင်ယောင်လေးဖြစ်လာတယ်ပေါ့။ ပြောရမယ်ဆို ဝင်ငွေလေးတွေ ကောင်းလာကြတာပေါ့နော်

    • အဲ ...ဝင်ငွေကောင်းတယ်ဆိုတဲ့နေရာမှာ တစ်ယောက်ထဲက တစ်ရွာလုံးမှာ ချမ်းသာလာတာကို ပြောချင်တာမဟုတ်ပါဘူး ။ တစ်ဦးတစ်ယောက်တည်း ချမ်းသာလာတာမျိုးက ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ပါဘူး။ လူတိုင်းစေ့က ပြေလည်လာတာမျိုး။ အရင်က တော်တော်အဆင်မပြေတဲ့ အိမ်ထောင်စုလေးတွေက ခုအချိန်မှာ အလုပ်အကိုင်နဲ့ အတည်အကျ ဝင်ငွေလေးတွေရှိလာတာမျိုး။ ဥပမာ -ဒေါ်ပုတို့မိသားစုက အရင်ကဆို သူများပေးမှကမ်းမှစားရ။ ဒီလိုနဲ့ ခုတော့ သူ့သမီးလေးက ပဲပြုတ်ပြုတ်ရောင်း။ ဒေါ်ပုလည်း ရပ်ရွာက ထောက်ပံ့ငွေလေးနည်းနည်းရတော့ သူ့အိမ်ဝန်းလေးထဲမှာ အသီးအနှံလေးနည်းနည်းစိုက်။စျေးမှာရောင်း။ ဒီလိုမျိုးအခြေအနေလေးတွေအဖြစ် ပြောင်းလဲလာကြတာ။  ရွာတစ်ရွာမှာ အိမ်ထောင်စုတွေက ချမ်းသာလွန်း၊ ဆင်းရဲလွန်းနေတာမျိုးမဟုတ်ဘဲ တစ်ရွာလုံး စားနိုင်သောက်နိုင်အခြေအနေပေါ့။ ဒီလိုအခြေအနေတွေအဖြစ် ညီညီညာညာတိုးတက်လာတာကို ဖွံဖြိုးတိုးတက်မှုလို့ ခေါ်ပါတယ်။

    • နောက်တစ်ချက်က  နိုင်ငံရေးအခြေအနေတွေက လွတ်လပ်စွာ ရွေးချယ်မဲပေးခွင့်ရှိတာမျိုး၊ ကုန်သွယ်မှုတွေကလည်း လွတ်လွတ်လပ်လပ်ရောင်းချနိုင်တာမျိုး။ 

    • ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ တရားမျှတမှုတွေလည်း နေရာဒေသတိုင်းမှာ တူညီစွာရနေတာမျိုး

    ဒီလိုအခြေအနေတွေနဲ့ပြည့်စုံနေတဲ့ ကျေးရွာတစ်ရွာ၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုက ဖွံဖြိုးတိုးတက်တယ်လို့ ပြောလို့ရပါတယ်တဲ့။

    ဖွံဖြိုးပြီးနိုင်ငံဆိုတာကတော့ ဒီလိုအချက်တွေ သူတို့နိုင်ငံရဲ့နေရာဒေသတိုင်းမှာ ရရှိနေပြီးကြလို့ဖြစ်ပါတယ်။ 

    ကျွန်မတို့ အိမ်လေးထဲမှာရော ဖွံ့ဖြိုးမှုတွေရှိလား စဉ်းစားကြည့်ဖူးရဲ့လား။ ကျွန်မတို့တစ်ယောက်ချင်းစီမှာရောပေါ့။ ဖွံ့ဖြိုးမှုအရိပ်အယောင်လေးတွေ မြင်နေရတယ်ဆိုရင်တော့ ဆက်ကြိုးစားပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း မျှဝေလိုက်ပါ။

    ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုအရာတွေ လိုအပ်တယ်ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။ ဒီနေ့မှာတော့ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ စကားလုံးလေးတွေရဲ့ ရည်ရွယ်ချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မေတ္တာဖြင့်

သိမ့်ဇာ

ကျမ်းကိုး- Rural development Principles,Politics and Management book by Katar Singh ( third edition)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်