ဆွေမျိုးနီးစပ်ဝက်အချင်းချင်း သားစပ်ခြင်းရဲ့ ဆိုးကျိုးများ

18/03/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်များအား မျိုးနီးသားစပ်ခြင်းဆိုသည်မှာ ဆွေမျိုးတော်စပ်မှုရှိသော ဝက်အချင်းချင်းအား သားစပ်ခြင်းကိုဆိုလိုပါတယ်။

 

ဥပမာ-(က) ဖခင်(ဝက်သိုး) နှင့် သမီး(ဝက်မ)

            (ခ) မိခင်(ဝက်မ) နှင့် သား(ဝက်သိုး)

            (ဂ) ဝက်မောင်နှမအချင်းချင်းတို့ကို သားစပ်ခြင်းတို့ ဖြစ်ပါတယ်။ 

 

ဝက်များကို မျိုးနီးသားစပ်ခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးများ မှာ-

 

၁။ မျိုးဝက်မကြီးများတွင် နို့ထွက်နှုန်းနည်းခြင်း၊ မိခင်စိတ် နည်းခြင်း၊

 

၂။ ဝက်မများ မွေးဖွားကောင်ရေ လျော့နည်းခြင်း၊ 

 

၃။ ဝက်မဒန်း နှင့် ဝက်သိုးများတွင် အရွယ်ရောက်ချိန်နောက်ကျခြင်း၊နှောင့်နှေးခြင်း၊

 

၄။ ဝက်သိုးများ လိင်စိတ်နည်းပါးခြင်း၊

 

၅။ ဝက်မဒန်းများတွင် သားဥကြွေနှုန်း နည်းပါးခြင်း၊မွေးဖွားကောင်ရေ လျော့နည်းခြင်း၊

 

၆။ သေနှုန်းများခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ 

 

မျိုးနီးသားစပ်ခြင်းအား ကာကွယ်ရန် အချက်များမှာ-

 

၁။ ဝက်သိုးကောင်ရေများများ မွေးမြူသင့်ပါတယ်။

 

၂။ ဝက်သိုးကို အချိန်အကြာကြီး မွေးမြူခြင်း မပြုသင့်ပေ။

 

၃။ မျိုးနီးစပ်မှုခြင်း မရှိတဲ့ ဝက်ခြံမှဝက်သိုးကို ဝယ်ယူမွေးမြူရပါမယ်။

 

၄။ မိမိဝက်ခြံမှာရှိတဲ့  ဝက်တွေရဲ့ အချက်အလက်များကို သိရှိထားရပါမယ်။

ဝက်များမျိုးနီးသားစပ်ခြင်းမှ ကင်းဝေးပြီး ဝက်ကောင်ရေများ တိုးပွားနိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်