ဆန်စပါးဈေးကွက်နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးသွားမည်

23/09/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ယခုလက်ရှိ ဆန်စပါးဈေးကွက်ဈေးနှုန်းနဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ပြန်လည်ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

   ဆန်စပါးဈေးကွက် ဈေးနှုန်းဆိုင်ရာဆွေးနွေးချက်များကို ဗဟိုအဖွဲ့မှ အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

   “မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ပေးသွားပါမယ်။ မပြီးပြတ်သေးတော့ ပြောလို့မရပါဘူး။ဈေးနှုန်း၊ ဈေးကွက်ကော်မတီက (၂၄) ရက်နေ့မှာ ဆက်ပြီးဆွေးနွေးမှာ။ အဲဒီကဆုံးဖြတ်ချက်ကို ဗဟိုအဖွဲ့ကို ပြန်တင်မှာ။ ဗဟိုအဖွဲ့က ဈေးကွက်ဈေးနှုန်းကိုအတည်ပြုပြီး ပြန်တင်ပြီးမှ အဲဒီမှာမှ ထုတ်ပြန်လို့ရမှာပါ”

   အဆိုပါ ဆန်စပါးဈေးကွက်ဈေးနှုန်းများနဲ့ ပတ်သက်၍လည်း စက်တင်ဘာလ(၁၈)ရက်နေ့က ဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်စေရေး၊ တောင်သူလယ်သမားများအတွက် အခြေခံဈေးနှုန်းတည်ငြိမ်စေရေးတို့ကို ဆွေးနွေးခဲ့ကြောင်းလည်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

   အောက်တိုဘာလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများအတွင်း စပါးပေါ်ချိန် တောင်သူလယ်သမားများအတွက် အခြေခံဈေးနှုန်း ထုတ်ပြန်ကြေညာရေးအတွက်လည်း အသေးစိတ် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်