ထိုင်းနိုင်ငံကို မြန်မာ့နာနတ် တန် (၄၀၀) တင်ပို့သွားရန် ညှိနှိုင်းဆောင်ရွက်နေ

12/08/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့နာနတ်သီးကို ထိုင်းနိုင်ငံသို့ တစ်လလျှင် တန် (၄၀၀) တင်ပို့သွားနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာ့နာနတ်သီ းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

နာနတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ကာ တစ်လကိုတန် (၄၀၀) တင်ပို့နိုင်ဖို့အတွက် နှစ်ဖက်နိုင်ငံကုမ္ပဏီအချင်းချင်း ဆွေးနွေးညှိနှိုင်းနေကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ကပြောပါတယ်။

“ နာနတ်သီးက တရုတ်ပြည်ဘက်မတင်ပို့တာလည်း ကြာနေပြီ။ အခုဆိုရင် ပြည်တွင်းမှာ နာနတ်သီးတွေကလည်း စုပုံနေတော့ ဈေးကမရဘူး။ အခုက ထိုင်းနိုင်ငံကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ဖို့တော့ ဒီဘက်ကကုမ္ပဏီနဲ့ ထိုင်းဘက်ကကုမ္ပဏီ ဆွေးနွေးနေတယ်။ ပို့ဖြစ်ရင်တော့ တစ်လတန် (၄၀၀) လောက်တင်ပို့သွားမယ်”

မြန်မာ့နာနတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ရန်အတွက် စက်ရုံတည်ဆောက်မှု၊ ရေမြေအနေအထားနဲ့ ကုန်ကြမ်းတို့ကို အဓိကဆွေးနွေးနေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

နာနတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး နာနတ်စိုက်ဧကပေါင်း (၃၀၀၀၀) ခန့် စိုက်ပျိုးထားတာဖြစ်ကြောင်းလည်း မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်