၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum gloeosporioids)
ရောဂါလက္ခဏာများ
- ရောဂါလက္ခဏာကို မာလကာပင်ပေါ်ရှိ အရွယ်ရောက် အသီးများပေါ်တွင် တွေ့ရသည်။
- အနက်ရောင်ချိုင့်ခွက် လက္ခဏာများတွေ့ရသည်။ စိုစွတ်နေချိန်တွင် ဒဏ်ရာများကို ပန်းရောင်မှိုမျှင်စများဖြင့် ဖုံးလွှမ်းထားသည်။
- ရောဂါရင့်လာသည်နှင့် ချိုင့်ခွက်ဒဏ်ရာလေးများ ပေါင်းစည်းသွားပြီး ကြီးမားသောဒဏ်ရာကွက်များဖြစ်ကာ အသီးအတွင်းသားကို ထိခိုက်စေသည်။
ကာကွယ်နှိမ်နင်းခြင်း
- မန်ကိုဇာဘ် (Mancozeb) ၀.၂၅% ကို ပက်ဖျန်းပါ။
၂။ မာလကာသံချေးမှိုရောဂါ (Guava rust: Puccinia psidii)
ရောဂါလက္ခဏာများ
- သံချေးမှိုရောဂါသည် ရွက်ပိုင်းဆိုင်ရာများ၊ အညွန့်ငယ်များ၊ ပန်းခိုင်များနှင့် အသီးများကို တိုက်ခိုက်နိုင်သည်။
- အတွေ့ရများသော လက္ခဏာများတွင် ပုံပျက်သွားခြင်း၊ အရွက်ကြွေကျခြင်း၊ ကြီးထွားမှု တုံ့ဆိုင်းသွားခြင်းနှင့် ဆိုးဝါးပါက သေသွားတတ်သည်။
- အပြည့်အဝ ပြန့်ကားနေသောအရွက်များပေါ်တွင် အနက်ရောင်အနားသား၊ ကြမ်းတမ်းသော စက်ဝိုင်းပုံ အညိုရောင်ဒဏ်ရာများကို အဝါရောင် ရောင်ခြည်စက်ဝန်းနှင့်အတူ တွေ့ရသည်။
ကာကွယ်နှိမ်နင်းခြင်း
- မာလကာ သံချေးမှိုရောဂါကို ကာကွယ်နှိမ်နင်းခြင်းသည် မှိုသတ်ဆေးအသုံးပြုမှုအပေါ် အခြေခံသည်။
- ရောဂါစကျချိန် သို့မဟုတ် ရောဂါကျရန် အခြေအနေပေးသော ပတ်ဝန်းကျင်မျိုးရှိသောနှစ်တွင် သင့်တော်သည့် မှိုသတ်ဆေးကို အချိန်ကိုက်သုံးစွဲပါ။
- မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ ကိုင်းဖြတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကဲ့သို့သော သင့်တော်သည့် စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် မာလကာပင်ကို ကျန်းမာသန်စွမ်းစေကာ ရောဂါကျရောက်မှု နည်းစေသည်။
၃။ ရေညှိရောင် ရွက်စက်ပျောက်ရောဂါ (Algal Leaf Spot: Cephaleuros virescens)
ရောဂါ လက္ခဏာများ
- အရွက်မျက်နှာပြင် နှစ်ဖက်လုံးတွင် လိမ္မော်ရောင်၊ သံချေးရောင်အဖြစ်ရှိကာ အချင်းအားဖြင့် ၅- ၈ မီလီမီတာ ရှိသည့် သိပ်သည်းသော ပိုးချည်မျှင်နှင့် မွှေးစုတ်အဖြစ်တွေ့ရသည်။
- အစက်ပျောက်များကို ခြစ်ကြည့်ပါက ပါးလွှာသည့် မီးခိုးရောင်မှ အနက်ရောင်ရှိသော ပေါင်မုန့်အကာသား အရောင်များ အရွက်ပေါ်တွင် ကျန်နေခဲ့မည်။
- အစက်များ အတူတူပေါင်းသွားကြပြီး အရွက်ပေါ်တွင် ပုံသဏ္ဍာန်မမှန်သည့် အကွက်များအဖြစ် ပြောင်းလဲ သွားမည်။ အစက်များရင့်လာသည်နှင့် အရောင်မှိန်သော မီးခိုးအစိမ်းရောင် ဖြစ်သွားသည်။
- အကိုင်းငယ်များနှင့် အကိုင်းကြီးမျာလည်း တိုက်ခိုက်ခံရပြီး သစ်ခေါက်ကို အက်ကွဲစေသည်။
ကာကွယ်နှိမ်နင်းနည်း
- သင့်တော်သည့် မြေဩဇာကျွေးခြင်း၊ ရေသွင်းခြင်း၊ လေဝင်လေထွက်ကောင်းစေရန်နှင့် နေရောင်ခြည် ဝင်ရောက် နိုင်ရန် ကိုင်းချိုင်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် အပင်ကျဲကျဲစိုက်ခြင်းတို့ကဲ့သို့သော စိုက်ပျိုးနည်းများဖြင့် အပင်ကြံ့ခိုင်အောင်လုပ်ပြီး ရောဂါကျရောက်မှုကို လျော့ချနိုင်သည်။
- ကော့ပါး အော်ဇီကလိုရိုဒ် (Copper oxychloride) ၀.၂၅% ကို ပက်ဖျန်းပါ။
ဒေါက်တာ ကိုကို (စိုက်ပျိုးရေး)
သစ်သီးအပင်များတွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ရောဂါများအား ကာကွယ်နှိမ်နင်းနည်း
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်